Source: Thandar Zaw’s fb
ကြင်စဦးဇနီးမောင်နှံနှစ်ယောက်ဖြစ်တဲ့ သားဂန်းနဲ့ဘေဘီမောင်တို့ရဲ့ အိမ်သစ်တက်မင်္ဂလာပွဲ အလှူပုံရိပ်လေးများ
အဆိုတော် သားဂန်းနဲ့ ဘေဘီမောင်တို့ ကတော့ ချစ်သူတွေအဖြစ် ပရိသတ်တွေကို အသိပေးပြီး ပွင့်ပွင့်လင်းလင်း လက်တွဲခဲ့ကြသလို မကြာသေးခင်လပိုင်းကပဲ နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ လက်ထပ်ခဲ့ကြပြီ ဖြစ်ပါတယ်။ သားဂန်းနဲ့ ဘေဘီမောင်တို့ ကတော့ အခုဆိုရင် ကြင်စဦးဇနီးမောင်နှံနှစ်ယောက်အဖြစ် နေ့ရက်တွေကိုဖြတ်သန်းနေပြီး အိမ်ထောင့်တာဝန်တွေကိုကိုယ်စီထမ်းဆောင်နေကြတဲ့ ဇနီးမောင်နှံနှစ်ယောက်လည်းဖြစ်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ (၁၄) ရက်နေ့မှာတော့ သားဂန်းနဲ့ ဘေဘီမောင်တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့ရဲ့မိသားစုတွေနဲ့အတူတူ နေထိုင်ကြမယ့် အိမ်သစ်တက်ပွဲနဲ့ ဘုရားအနေကဇာတင်ပွဲတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သားဂန်းနဲ့ ဘေဘီမောင်တို့ဇနီးမောင်နှံရဲ့ အိမ်သစ်တက်ပွဲအမှတ်တရပုံရိပ်တွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။
သားဂန်းနဲ့ ဘေဘီမောင်တို့ကတော့ သူတို့နှစ်ယောက်ရဲ့ ကြင်စဦးဇနီးမောင်နှံဘဝမှာ ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရင်း အလုပ်ရှုပ်နေကြတာပဲဖြစ်ပါတယ်။ သားဂန်းနဲ့ ဘေဘီမောင်တို့ဇနီးမောင်နှံနှစ်ယောက် အခုလိုပဲ အမြဲထာဝရပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source: Thandar Zaw’s fb
Credit:Myanmar Celebrities