သူမဖန္တီးတဲ့လက္မႈအႏုပညာေလးကေန အလႉေငြသိန္းေပါင္းမ်ားစြာရရွိခဲ့ၿပီး စစ္ေဘးေရွာင္ကေလးေတြအတြက္ ရန္ပုံေငြလႉဒါန္းသြားမယ့္ ခ်စ္သုေ၀

Posted on

သူမဖန္တီးတဲ့လက္မႈအႏုပညာေလးကေန အလႉေငြသိန္းေပါင္းမ်ားစြာရရွိခဲ့ၿပီး စစ္ေဘးေရွာင္ကေလးေတြအတြက္ ရန္ပုံေငြလႉဒါန္းသြားမယ့္ ခ်စ္သုေ၀

သ႐ုပ္ေဆာင္၊ အဆိုေတာ္၊ ဆရာဝန္မေလး ခ်စ္သုေဝနဲ႔ သူမရဲ့ခင္ပြန္းလင္းလင္းတို႔ ကေတာ့ လက္ရွိေႏြဦ္းေတာ္လွန္ေရးမွာ ျပည္သူေတြနဲ႔ အတူတူ တစ္သားတည္းရပ္တည္ေနတာပဲျဖစ္ပါတယ္။ လင္းလင္းက သူတတ္ကၽြမ္းတဲ့ အႏုပညာနဲ႔ သီခ်င္းထုတ္လုပ္ၿပီး ထိုသီခ်င္းက ရရွိတဲ့ေငြသားအကုန္လႉဒါန္းမွာျဖစ္သလို ခ်စ္သုေဝကလည္း သူမကိုယ္တိုင္ဖန္တီးထားတဲ့ လက္မႈအႏုပညာနဲ႔ စစ္ေဘးေရွာင္ကေလးေတြအတြက္ ရန္ပုံေငြလႉဒါန္းသြားမွာပဲျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ ခ်စ္သုေဝက သူမဖန္တီးတဲ့ Macrame ကေန အလႉေငြသိန္း(၆၀) ရရွိခဲ့ေၾကာင္းကို “”I weave, you buy, we share, we care” #Trezamacrame ရဲ့ပထမဆုံးprojectေလးရဲ့ရလဒ္။ ေစာင္ေရ ၂၀၀ေလာက္မွန္းခဲ့တာ ၁၀၀၀ေက်ာ္ ခုထိလည္းဝယ္ေနၾကဆဲေပမယ့္ ၁၁၀၀ နဲ႔ပိတ္ေပမယ့္ ေငြလႊဲထပ္ပို႔နဲ႔ အမွတ္စဥ္1184 နဲ႔ ” ၅၉သိန္း ၂ေသာင္းက်ပ္” လႈခြင့္ ရခဲ့ပါတယ္။ မဲ၁၀၀၀ေက်ာ္မွာ macrameေလးရနိုင္ဖို႔ အခြင့္နည္းေပမယ့္ လက္မွတ္ဝယ္သူအားလုံးဟာ လႉခ်င္လို႔သာ ဝယ္ခဲ့ၾကတာမို႔ ကိုေဇေရာ ဝယ္ရဲခဲ့တဲ့မိတ္ေဆြေတြေရာ တကယ္ေက်းဇူးပါ။”

“လိုအပ္တဲ့ေနရာ၂ခု ကိုလႊဲလို႔ၿပီးစီးၿပီးပါၿပီ။ အမွတ္တရျဖစ္ဖို႔ Treza’s macrame familyလို႔ေရးလိုက္ ပါတယ္။ Macrameေလးေတြကို လစဥ္ projectေလးေတြနဲ႔လုပ္ေနဦးမွာမို႔ stay tune with us !!!!မနက္ျဖန္ 14th dec 6:30 pmမွာ trezaရဲ့ macrame ကံထူးသူကိုေရြးၿပီးေၾကျငာမယ္ေနာ္..အမွန္တကယ္ေတာ့ အားလုံးဟာကုသိုလ္ ဆုေတြရၿပီးသားပါ macrameေလးကေတာ့ အပိုဆုသာသာရယ္ပါ🤝🤝🤝” ဆိုၿပီး ေျပာလာပါတယ္။ခ်စ္သုေဝကေတာ့ သူမဖန္တီးတဲ့လက္မႈအႏုပညာေလးကေန အလႉေငြသိန္းေပါင္းမ်ားစြာရရွိခဲ့တဲ့အတြက္ အလႉရွင္ေတြအားလုံးကိုေက်းဇူးတင္ရင္း ပီတိျဖစ္ေနရတာပဲျဖစ္ပါတယ္။

Source: Chit Thu Wai ‘s fb
Credit:Myanmar Celebrities

သူမဖန်တီးတဲ့လက်မှုအနုပညာလေးကနေ အလှူငွေသိန်းပေါင်းများစွာရရှိခဲ့ပြီး စစ်ဘေးရှောင်ကလေးတွေအတွက် ရန်ပုံငွေလှူဒါန်းသွားမယ့် ချစ်သုဝေ

သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန်မလေး ချစ်သုဝေနဲ့ သူမရဲ့ခင်ပွန်းလင်းလင်းတို့ ကတော့ လက်ရှိနွေဦ်းတော်လှန်ရေးမှာ ပြည်သူတွေနဲ့ အတူတူ တစ်သားတည်းရပ်တည်နေတာပဲဖြစ်ပါတယ်။ လင်းလင်းက သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ သီချင်းထုတ်လုပ်ပြီး ထိုသီချင်းက ရရှိတဲ့ငွေသားအကုန်လှူဒါန်းမှာဖြစ်သလို ချစ်သုဝေကလည်း သူမကိုယ်တိုင်ဖန်တီးထားတဲ့ လက်မှုအနုပညာနဲ့ စစ်ဘေးရှောင်ကလေးတွေအတွက် ရန်ပုံငွေလှူဒါန်းသွားမှာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ချစ်သုဝေက သူမဖန်တီးတဲ့ Macrame ကနေ အလှူငွေသိန်း(၆၀) ရရှိခဲ့ကြောင်းကို “”I weave, you buy, we share, we care” #Trezamacrame ရဲ့ပထမဆုံးprojectလေးရဲ့ရလဒ်။ စောင်ရေ ၂ဝဝလောက်မှန်းခဲ့တာ ၁ဝဝဝကျော် ခုထိလည်းဝယ်နေကြဆဲပေမယ့် ၁၁၀၀ နဲ့ပိတ်ပေမယ့် ငွေလွှဲထပ်ပို့နဲ့ အမှတ်စဉ်1184 နဲ့ ” ၅၉သိန်း ၂သောင်းကျပ်” လှုခွင့် ရခဲ့ပါတယ်။ မဲ၁ဝဝဝကျော်မှာ macrameလေးရနိုင်ဖို့ အခွင့်နည်းပေမယ့် လက်မှတ်ဝယ်သူအားလုံးဟာ လှူချင်လို့သာ ဝယ်ခဲ့ကြတာမို့ ကိုဇေရော ဝယ်ရဲခဲ့တဲ့မိတ်ဆွေတွေရော တကယ်ကျေးဇူးပါ။”

“လိုအပ်တဲ့နေရာ၂ခု ကိုလွှဲလို့ပြီးစီးပြီးပါပြီ။ အမှတ်တရဖြစ်ဖို့ Treza’s macrame familyလို့ရေးလိုက် ပါတယ်။ Macrameလေးတွေကို လစဉ် projectလေးတွေနဲ့လုပ်နေဦးမှာမို့ stay tune with us !!!!မနက်ဖြန် 14th dec 6:30 pmမှာ trezaရဲ့ macrame ကံထူးသူကိုရွေးပြီးကြေငြာမယ်နော်..အမှန်တကယ်တော့ အားလုံးဟာကုသိုလ် ဆုတွေရပြီးသားပါ macrameလေးကတော့ အပိုဆုသာသာရယ်ပါ🤝🤝🤝” ဆိုပြီး ပြောလာပါတယ်။ချစ်သုဝေကတော့ သူမဖန်တီးတဲ့လက်မှုအနုပညာလေးကနေ အလှူငွေသိန်းပေါင်းများစွာရရှိခဲ့တဲ့အတွက် အလှူရှင်တွေအားလုံးကိုကျေးဇူးတင်ရင်း ပီတိဖြစ်နေရတာပဲဖြစ်ပါတယ်။

Source: Chit Thu Wai ‘s fb
Credit:Myanmar Celebrities