
Posted on





Source: Bhone Hlyan’s fb

သိပ်ချစ်ရတဲ့ မိခင်ကြီးကွယ်လွန်ခြင်း(၃)နှစ်ပြည့်အတွက် ကောင်းမှုကုသိုလ်တွေလုပ်ရင်း သတိရလွမ်းဆွတ်နေတဲ့ ဘုန်းလျှံ

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဘုန်းလျှံကတော့ မူးယစ်ဆေးဝါး အမှုနဲ့ (၂၀၁၃)ခုနှစ်ကတည်းက အကျဉ်းကျခဲ့ရာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် ဧပြီလ (၁၇) ရက်နေ့က နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတာပဲ ဖြစ်ပါတယ်။ ဘုန်းလျှံက သူအကျဉ်းကျနေစဉ်အချိန်အတွင်းမှာပဲ သူ့ရဲ့မိခင်ကြီးကို ဆုံးရှုံးခဲ့ရပြီး မိခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်ကို မြင်တွေ့ခွင့်မရရှိလိုက်တာပဲဖြစ်ပါတယ်။

မနေ့က ဒီဇင်ဘာလ (၁၃) ရက်နေ့ကတော့ ဘုန်းလျှံရဲ့ မိခင်ကြီး ကွယ်လွန်ခြင်း (၃) နှစ်ပြည့်နေ့ပဲဖြစ် ပါတယ်။ ဘုန်းလျှံက သူ့မိခင်ကြီးရဲ့ ကွယ်လွန်ခြင်း (၃) နှစ်ပြည့်နေ့မှာ သူတို့ဇာတိမြေရခိုင်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ သင်္ကန်းကပ်လှူပေးရင်း ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးခဲ့ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာတာကို တွေ့ရပါတယ်။

ဘုန်းလျှံကတော့ သွားလေသူ မိခင်ကြီးအတွက် မကြာခဏဆိုသလို ကုသိုလ်တွေပြုလုပ်ပေးရင်း အမျှအတန်းပေးဝေပေးလေ့ရှိ သူပဲဖြစ်ပါတယ်။ ဘုန်းလျှံရဲ့မေမေကလည်း သားဖြစ်သူရဲ့ ကုသိုလ်ကို မြင့်မြတ်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနေမယ်ဆိုတာ အသေအချာပါပဲ။

Source: Bhone Hlyan’s fb
Credit:Myanmar Celebrities