
Posted on





Credit:CeleGabar

ကွယ်လွန်သွားတာ (၅)လပြည့်သွားပြီဖြစ်တဲ့ မိခင်ကြီးအတွက် ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးနေတဲ့ သွန်းသစ္စာဇော်

ပရိသတ်ကြီးရေ သွန်းသစ္စာဇော် ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သွန်းသစ္စာဇော်ကတော့ မနေ့က ဒီဇင်ဘာလ(၁၃)ရက်နေ့က အဝတ်အထည်တွေလှူဒါန်းတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

အလှူလေး ကတော့ သူ့ရဲ့မိခင်ကြီး ကွယ်လွန်သွားတာ (၅)လပြည့်လပတ်လည် အလှူလေးအနေနဲ့ လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ သွန်းသစ္စာဇော်ကတော့ မနေ့ကပြုလုပ်ခဲ့တဲ့ အလှူလေးနဲက ပတ်သက်လို့ “မေကြီး ၅ လပြည့်လေးမှာ အလှူသေးသေးလေးလုပ်ခဲ့တယ်။ လိုအပ်နေတဲ့သူလေးတွေအတွက် အထည်လေးတွေ နိုင်သလောက်လှူခဲ့တယ်။ ပြုပြုသမျှ ကုသိုလ်တွေ မေကြီးသာဓုခေါ်နိုင်ပါစေ။” ဆိုပြီး သူ့ရဲ့အလှူလေးကို မိခင်ကြီး ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်စေဖို့ ရည်စူးထားခဲ့ပါတယ်။

အခုလို ဆောင်းတွင်းကာလရောက်လာပြီဖြစ်တာကြောင့် အေးတဲ့ဒဏ်ကိုခံနိုင်စေဖို့အတွက် လိုအပ်နေတဲ့သူတွေကို အဝတ်အထည်တွေလှူဒါန်းပေးတဲ့ စိတ်ကူးနဲ့အလှူလေးကတော့ တကယ်ကို မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးပါပဲ။ပရိသတ်ကြီးတွေလည်း သွန်းသစ္စာဇော်ရဲ့ မိခင်ကြီးအတွက် ရည်စူးပြုတဲ့ ဒီကုသိုလ်တွေကို သာဓုခေါ်ဆိုပေးကြပါဦးနော်။

Source – Thun Thit Sar Zaw
Credit:CeleGabar