သူရဲ့မွေးနေ့မှာ ချစ်တဲ့ပရိသတ်တွေဆီက တန်ဖိုးမဖြတ်နိုင်တဲ့ မွေးနေ့လက်ဆောင်တွေများစွာရရှိခဲ့လို့ ကြည်နူးပီတိဖြစ်နေတဲ့ ကောင်းမြတ်စံ
ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးနဲ့ မင်းသားချော ကောင်းမြတ်စံ ကတော့ နှုတ်ခမ်းနီမလေး တွေကြိုက်နှစ်သက်ကြတဲ့ မင်းသား တစ်လက်ပါပဲ။ MRTV 4 မင်းသားတစ်ယောက်အဖြစ် လူသိများအောင်မြင် လာခဲ့တဲ့ ကောင်းမြတ်စံဟာ ဇာတ်လမ်းကောင်းများစွာကို ရိုက်ကူးခဲ့ပြီး အခုဒုတိယအကြိမ်ထုတ်လွှင့်ပြသနေတဲ့ “ချစ်ခြင်းတရားတို့ရှိရာမြေ” ဇာတ်ကားမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြားရရှိပိုင်ဆိုင်နေတာပဲဖြစ်ပါတယ်။
မနေ့က ဒီဇင်ဘာလ (၁၃) ရက်နေ့ ကတော့ ပရိသတ်ကြီးချစ်တဲ့ မင်းသား ကောင်းမြတ်စံ ရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ကောင်းမြတ်စံက သူ့ရဲ့မွေးနေ့မှာ အနယ်နယ်အရပ်ရပ်က ချစ်ပရိသတ်တွေပေး ပို့တဲ့ မွေးနေ့လက်ဆောင်တွေများစွာကို ရရှိခဲ့ပြီး ကောင်းမြတ်စံကလည်း သူ့ရဲ့ပရိသတ်တွေကို “တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူးတင်ရှိပါတယ် ခင်ဗျာ …. 🥰 အခုလိုချစ်ပေးနေတာကိုပဲ အတိုင်းမသိဝမ်းသာမိပါတယ်ဗျာ 😢” ဆိုပြီး ပြောလာပါတယ်။
ကောင်းမြတ်စံကတော့ သူ့ရဲ့မွေးနေ့မှာ ချစ်ပရိသတ်တွေ ဆီက တန်ဖိုးမဖြတ်နိုင်တဲ့ မွေးနေ့လက်ဆောင်တွေ များစွာကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ကောင်းမြတ်စံတစ်ယောက် မွေးနေ့ကစ အခုလိုပဲ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ထာဝရရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Kaung Myat San ‘s fb
Credit:Myanmar Celebrities