
Posted on





Credit

သူမရဲ့မွေးနေ့မတိုင်ခင်မှာ မြေဧကများစွာကျယ်ဝန်းတဲ့ ခြံတစ်ခြံအား မွေးနေ့လက်ဆောင်ရရှိခဲ့လို့ ပျော်ရွှင်မဆုံးဖြစ်နေတဲ့ မျိုးစန္ဒီကျော်

ပရိသတ်ကြီးရေ သရုပ်ဆောင် မျိုးစန္ဒီကျော် ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်မှုမှတ်တိုင် စိုက်ထူထားနိုင်ခဲ့သူတစ်ဦးပါပဲနော်။ လက်ရှိမှာလည်း သမီးချောလေးနဲ့အတူ အေးအတူပူအမျှ ဘဝကိုဖြတ်သန်းနေတာ ဖြစ်ပါတယ်။ သူမဟာ Single Mother ဘဝဖြင့် သမီးလေးကို စောင့်ရှောက်နေတဲ့ မိခင်ကောင်း တစ်ဦး ဖြစ်ပါတယ်။

လက်ရှိကာလမှာတော့ အနုပညာ လှုပ်ရှားမှုတွေ မရှိသေးဘဲ ကုန်ပစ္စည်းများကို Liveလွှင့်ပြီး ရောင်းချပေးနေ တာဖြစ်ပါတယ်။ မကြာခင်မှာ သူမရဲ့မွေးနေ့ ကို ကျရောက်တော့မှာ ဖြစ်ပြီး မနေ့ညကတော့ မျိုးစန္ဒီကျော်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝမ်းသာစရာသတင်းလေးတစ်ခု ရေးသားထားတာ ဖြစ်ပါတယ်။

ဒါကတော့ မြေဧကများစွာ ကျယ်ဝန်းတဲ့ ခြံတစ်ခြံအား မွေးနေ့မတိုင်ခင် လက်ဆောင် ရရှိခဲ့တာကြောင့် မင်သက်အံ့ဩနေခဲ့တာ ဖြစ်ပါတယ်။ သူမကလည်း ” မွေးနေ့မတိုင်မီရတဲ့ မွေးနေ့ လက်ဆောင်အံ့ဩဝမ်းသာလွန်းလို့မျက်ရည်တောင်ဝဲမိတယ် ကျေးဇူးတင်ပါတယ်ဆိုတာထက် ပြောလို့ရရင် ပြောချင်တယ် 😍😍ဒီ့ထက် အများကြီးကျန်းမာပျော်ရွှင်အောင်မြင်ပါစေနော် 😍ဒီနေ့လေးကိုအမှတ်တရဖြစ်အောင်လို့တင်တာပါ 🏞️” ဆိုပြီး ရေးသားထားတာ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit