အိန္ဒြာကျော်ဇင်ရဲ့သမီးလေး သုသုကိုယ်တိုင် ချယ်သပေးထားတဲ့ မိတ်ကပ်လေးကို ပရိသတ်တွေအားပြသလာတဲ့ မေတိုးခိုင်
အဆိုတော်ကြီး တိုးခိုင်ရဲ့ သမီးဖြစ်သလို၊ အကယ် ဒမီ အိန္ဒြာကျော်ဇင်ရဲ့ တူမချောလေး မေတိုးခိုင် ကတော့ Photo Model တစ်ယောက် အဖြစ် အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့ပြီး အဒေါ်ဖြစ်သူ ရဲ့ ဖေးမ ကူညီမှုကြောင့် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား မှာ ပါဝင်သရုပ်ဆောင် ခဲ့တာပဲ ဖြစ်ပါတယ်။ “ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မေတိုးခိုင်ရဲ့ ပထမဦးဆုံး ရုပ်ရှင် ဇာတ်ကားဖြစ်ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းက ဘဝရဲ့ခက်ခဲတဲ့ အချိန်တစ်ခုနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ မေတိုးခိုင်ဟာ သူမရဲ့ စိတ်ကို ပြန်လည် ကုစားပြင်ဆင်ဖို့ မိသားစုနဲ့ အချိန်ကုန်ဆုံးဖြစ်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မေတိုးခိုင်က သူမရဲ့ညီမတစ်ဝမ်းကွဲလေး ပြေသုဒြာကိုယ်တိုင် လိမ်းခြယ်ပေးထားတဲ့ သူမရဲ့ မိတ်ကပ်ပြင်ဆင်မှုလေးကို ပြသလာပါတယ်။
မေတိုးခိုင်ကတော့ မိခင်အိန္ဒြာကျော်ဇင်ရဲ့ (၈) လကျော်ဝေးကာနေရတဲ့ ညီမလေးပြေသုဒြာနဲ့ မောင်လေးပြေဓီရ တို့ကိုလည်း အနီးကပ်စောင့်ရှောက်ရင်း သူမကိုယ်တိုင်လည်း မောင်လေး၊ ညီမလေးတွေနဲ့ အချိန်ကုန်ဆုံးရင်း စိတ်ရောလူပါပြောင်းလဲနေတာပဲဖြစ်ပါတယ်။
Source: May Toe Khine’s fb
Credit:Myanmar Celebrities