Credit
သူမရဲ့ ကြိုးစားအားထုတ်မှုနဲ့ရှာထားတဲ့ ငွေနဲ့ဆောက်ထားတဲ့ သုံးထပ်တိုက်ကြီးမှာ အဝတ်လဲခန်းအတွက် သူမရဲ့စိတ်ကူးလေးကို ပြသလာတဲ့ မေပန်းချီ
ပရိသတ်ကြီးရေ သရုပ်ဆောင် မေပန်းချီ ကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောက မှာ နေရာတစ်နေရာ ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီး တစ်လက် ဖြစ်ပါတယ်။ ဂီတာရှိတ်လေးလို အထာကျလွန်းသောလုံးကြီးပေါက်လှ ကိုယ်လုံးလေးကို ပိုင်ဆိုင် ထားတာကြောင့်လည်း ပုရိသတွေရဲ့ တစ်ခဲနက် အားပေးခြင်းတွေကိုသိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။
မေပန်းချီကတော့ သူမ စုဆောင်းထားတဲ့ ငွေကြေးများဖြင့် သုံးထပ်တိုက် အိမ်လေး ဆောက်လုပ်နေဆဲ ဖြစ်ပါတယ်။ တော်တော်များများပြီး စီးနေပြီ ဖြစ်ပြီး မကြာခင်မှာ အိမ်ပုံစံလေးကို သေချာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ မေပန်းချီရဲ့ လူမှုကွန်ယက်ကေ နလည်း သူမရဲ့အိမ်အခြေအနေလေးကို တင်ပြပေးလေ့ရှိပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်က မေပန်းချီရဲ့ Facebook Story တွင် ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူမရဲ့ဆောက်လုပ်နေဆဲ အိမ်လေးပြီးစီးသွားတဲ့အခါ အခန်းထဲမှာထားဖို့ စိတ်ကူးထားတဲ့ အဝတ်လဲခန်းနမူနာ ပုံစံလေးကို ပြသလိုက်တာ ဖြစ်ပါတယ်။ ကဲ ပရိသတ်တွေလည်း မေပန်းချီရဲ့ အဝတ်လဲခန်းပုံစံလေးကို မြင်ချင်နေကြပြီမလား???
Credit