Source – Zar Chi Htay
Credit: CeleGabar
ဘဝမှာတစ်ခါမှမဖူး ဖူးတဲ့နဂါးကိုးကောင်ဘုရားကို ဖူးမြော်ရလို့ ကြည်နူးပီတိဖြစ်ကာ ပြန်လည်မျှဝေလာတဲ့ စူးရှထက်ရဲ့ဗီဒီယိုလေး
ပရိသတ်ကြီးရေ စူးရှထက် ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ် တစ်ယောက်ပဲဖြစ်ပါတယ်။ စူးရှထက်ကတော့ ခေတ်လူငယ်တစ်ယောက်ပီပီလွတ်လွတ်လပ်လပ်နေတတ်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့ အလှူအတန်းရက်ရောပြီး ဘာသာတရားကိုင်ရှိုင်းလှတဲ့သူတစ်ယောက်ပါ။
အလှူအတန်းတွေ ကိုလည်း တတ်နိုင် သလောက် အလျဉ်းသင့်သလိုပြုလုပ်လေ့ရှိပြီး ဘာသာရေးနဲ့ ပတ်သက်လို့လည်း ကိုယ်တိုင်ကိုယ်ကျ ထဲထဲဝင်ဝင်ကို လုပ်ဆောင်လေ့ရှိပါတယ်။ ဒီနေ့မှာလည်း စူးရှထက်ကတော့ ဖူးထိုက်လို့ နဂါးကိုကောင်းဘုရားကို ဖူးမြော်ခွင့်ရရှိခဲ့တဲ့အတွက် ပီတိဖြစ်နေခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။
“နဂါးကိုးကောင်ဘုရား ဖူးထိုက်လို့ဖူးခွင့် ရခဲ့ပါတယ်။ မမ ရေ သာဓု သာဓု သာဓုပါ။ကျေးဇူးလဲအများကြီးတင်ပါတယ်” ဆိုပြီး ပင့်ဆောင်ပူဇော်ထားပြီး ဖူးမြော်ခွင့်ပေးတဲ့ မိတ်ဆွေအမကိုလည်း ကျေးဇူးတင်ကြောင်းနဲ့အတူ ဖူးမြော်နေတဲ့ပုံရိပ်လေးတွေကိုပါမျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။
Source – Zar Chi Htay
Credit: CeleGabar