မိရိုးဖလာဗုဒ္ဓဘာသာကနေ ရေနှစ်ခြင်းမင်္ဂလာခံယူပြီး ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်စွာ ကူးပြောင်းသွားပြီဖြစ်တဲ့ ဟိန်းမင်းသူ

Posted on

မိရိုးဖလာဗုဒ္ဓဘာသာကနေ ရေနှစ်ခြင်းမင်္ဂလာခံယူပြီး ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်စွာ ကူးပြောင်းသွားပြီဖြစ်တဲ့ ဟိန်းမင်းသူ




Source: Hein Min Thu’s fb

မိရိုးဖလာဗုဒ္ဓဘာသာကနေ ရေနှစ်ခြင်းမင်္ဂလာခံယူပြီး ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်စွာ ကူးပြောင်းသွားပြီဖြစ်တဲ့ ဟိ်န်းမင်းသူ

ပြေပြစ်တဲ့ မျက်နှာအသွင်အပြင်နဲ့ အနောက်တိုင်း ဆန်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင် ထားတဲ့ ဟိန်းမင်းသူကို မိန်းကလေး ပရိသတ်တိုင်း ကြိုက်နှစ်သက်အားပေးပြီးသား ဖြစ်ပါတယ်။ ဟိန်းမင်းသူကတော့ သရုပ်ဆောင်တစ်ယောက်အပြင် ဂီတလောကမှာလည်း နေရာတစ်နေရာ ရရှိတဲ့အထိ ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ မကြာခဏဆိုသလို အဆက်အသွယ်ပြတ်တောက်နေတဲ့ ဟိန်းမင်းသူက ဒီတစ်ခေါက်မှာတော့ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်စွာ ကူးပြောင်းသွားခဲ့တဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။

“ဘုရားသခင်လွန်စွာ ကောင်းမြတ်လို့သာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ရွေးကောက်ခြင်းခံရတဲ့ အတွက်အလွန်ဝမ်းသာပီတိဖြစ်ရပါတယ်။ ယေရှု ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အထူးချီးမွမ်းပါတယ် Amen 🙏🏻” ဆိုပြီး နိုင်ငံကျော် တေးရေးတေးဆို ဆရာစံပီးတို့အသင်းတော် သာသနာအားဖြင့် ယေရှုခရစ်တော်ကို မိမိအသက်သခင် ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပြီး ရေနှစ်ခြင်းမင်္ဂလာ ခံယူခဲ့ကြောင်းကို ပြောလာပါတယ်။

ဟိန်းမင်းသူ ကတော့ မိရိုးဖလာဗုဒ္ဓဘာသာ ကနေ ယေရှုခရစ်တော်ကို မိမိအသက်သခင် ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပြီး ရေနှစ်ခြင်းမင်္ဂလာခံယူခဲ့တယ်လို့ဆိုပါတယ်။

Source: Hein Min Thu’s fb
Credit:Myanmar Celebrities