ကျောင်းသူဘဝ ၁၅နှစ်အရွယ်ချစ်စရာ ကလေးလေးတစ်ယောက်ရဲ့ ပုံရိပ်တွေကို ပရိသတ်ကြီးအားပြသလာတဲ့ စိုးပြည့်သဇင်
မင်းသမီးချောလေး စိုးပြည့်သဇင် ကတော့ ဖြူဖြူစင်စင်၊ အေးအေး ချမ်းချမ်းလေးနဲ့ အိန္ဒြေရှင်လေး တစ်ယောက်ဖြစ် တာကြောင့် လူကြီး၊ လူငယ် ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ စိုးပြည့်သဇင်ကတော့ လက်ရှိ မှာတော့ အသက် (၂၈) နှစ်ကျော်အရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့် ကလေးလေးတစ်ယောက်လိုပဲ ဘဝကို အပူအပင်ကင်းကင်းနဲ့ နေထိုင်တတ်သူတစ်ယောက် ဖြစ်ပါတယ်။ စိုးပြည့်သဇင်က လက်ရှိမှာတော့ သူမရဲ့ အနုပညာအလုပ်တွေအကုန်လုံးကို ရပ်နားထားပြီး အိမ်မှာပဲ မိသားစုနဲ့ အတူ အချိန်ကုန်ဆုံးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။
အစ်မတွေကြောင့် ကလေးဘဝကတည်းက အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တဲ့ စိုးပြည့်သဇင်က ဒီကနေ့မှာတော့ သူမရဲ့ကလေးဘဝက ပုံရိပ်လေးတစ်ပုံကို ပြသလာပါတယ်။ စိုးပြည့်သဇင်က သူမကျောင်းသူဘဝ (၁၅) နှစ်အရွယ်ကပုံရိပ်လေးကို ပြသပြီး အပြစ်ကင်းပြီး ချစ်စရာကောင်းပုံလေးကို ပြသလာပါတယ်။
စိုးပြည့်သဇင်ကတော့ ငယ်ငယ်ကတည်းက ချစ်စရာကောင်းပြီး အပြစ်ကင်းတယ်ဆိုပေမယ့် အခုအရွယ်ထိလည်း ဖြူဖြူစင်စင်လေးနဲ့ ချစ်စရာကောင်းတယ်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူးနော်။
Source: Soe Pyae Thazin’s fb
Credit:Myanmar Celebrities