
Posted on




Source: နေဒွေး’s fb

သူရဲ့အပျော်ဆုံးအချိန်ဟာ ချစ်ရတဲ့မိခင်ကြီးကို ရှာလို့ရတဲ့အနုပညာကြေးတွေ အကုန်လုံးနဲ့ထိုင်ကန်တော့တဲ့နေ့လို့ ပြောလာတဲ့ နေဒွေး

သရုပ်ဆောင်နေဒွေး ကတော့ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးရင်း ပရိသတ်လက်ခံအားပေးမှု ရရှိလာခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ နေဒွေးက အနုပညာ အလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း ဦးစီးလုပ်ကိုင်နေလျက်ရှိကာ ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက်ပဲဖြစ်ပါတယ်။ အမေတစ်ခု၊ သားတစ်ခုသာရှိတဲ့ဘဝမှာ နေဒွေးက မိခင်ဖြစ်သူကို အိမ်ဦးခန်းမှာထားပြီး ကျွေးမွေးစောင့်ရှောက်နေတဲ့ သားလိမ္မာတစ်ယောက်လို့ဆိုရင်လည်း မမှားပါဘူး။

မိခင်ကို အရမ်းသိတတ်ပြီး မိခင်လိုအပ်တာ မှန်သမျှကို ဖြည့်စည်းပေး ချင်တဲ့ နေဒွေးဟာ ဒီတစ်ခေါက် မှာလည်း သူရရှိသမျှ အနုပညာကြေးနဲ့မိခင်ကို ကန်တော့ခဲ့တယ်လို့ ဆိုပါတယ်။ နေဒွေးက “ဘဝ မှာအပျော်ဆုံးအချိန်က မေမေ့ကို ရတဲ့အနုပညာကြေးအကုန်လုံး နဲ့ထိုင်ကန်တော့ ရတဲ့ချိန်ပဲ❤️🦁 ကြော်ငြာရိုက်လို့ရတဲ့ အနုပညာကြေးတပြားမကျန် အကုန်ကန်တော့ လိုက်တယ်🙏🏼🙏🏼🙏🏼 ခုလိုအနုပညာကြေးနဲ့မကန်တော့ရတာတော်တော်ကြာပြီ😁” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။နေဒွေးကတော့ မိခင်အပေါ် သိတတ်ပြီး အသက်အရွယ်ကြီးလာတဲ့မိဘအပေါ် ပြုစုစောင့်ရှောက်ပေးနေတာ လေးစားအားကျစရာပါပဲနော်။

Source: နေဒွေး’s fb
Credit;Myanmar Celebrities