Credit
အချစ်ရဆုံး မာတာမိခင်ရဲ့ မွေးနေ့လေးကို ကလေးဘဝတုန်းက ပုံလေးတွေနဲ့ ဆုတောင်းပေးခဲ့ကြတဲ့ ယွန်းဝတီလွင်မိုးနဲ့ ယွန်းနဒီလွင်မိုး
ပရိသတ်ကြီးရေ ကြော်ငြာ မင်းသမီးလေး ယွန်းဝတီလွင်မိုး ကတော့ အနုပညာလောကမှာ နာမည်တစ်ခု ရရှိထားပြီ းအားလုံးရဲ့ ချစ်ခင်အားပေးမှုကို သိမ်းပိုက်ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ ကလေးဘဝကတည်း ကနေ အခုချိန်ထိအနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက် လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်ပနိုင်ငံတွင် ပညာသင်ယူလျက်ရှိပြီး မကြာခင်မှာ မြန်မာနိုင်ငံကို ပြန်လာတော့မှာ ဖြစ်ပါတယ်။သူမရဲ့လှုပ်ရှားမှုတစ်ချို့ကိုလည်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် ဝေမျှပေးလေ့ရှိရာ အခုမှာလည်း ခေးလေးရဲ့Instagram လူမှုကွန်ယက်မှာ ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ အချစ်ရဆုံး မာတာမိခင်ရဲ့ မွေးနေ့လေးကို ကလေးဘဝတုန်းက ပုံလေးတွေနဲ့ ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ အန်တီမေသူရဲ့မွေးနေ့ဟာ ဆယ်ရက်နေ့က ဖြစ်ပြီး မြန်မာနိုင်ငံတွင် Silent Strike ရှိနေတာကြောင့်ဒီနေ့မှသာ မွေးနေ့ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးလည်း ယွန်းဝတီလွင်မိုးမိခင်ရဲ့ မွေးနေ့လေးကို ဆုတောင်းပေးသွားကြပါဦးနော်။
Credit