ကေလးငယ္ရွိတဲ့ မိဘေတြကို သတိထားဖို႕သူမရဲ႕သမီးေလးၾကံဳေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္ေလးကို ေျပာျပကာသတိေပးလာတဲ့ အိအိတုန္

Posted on

ကေလးငယ္ရွိတဲ့ မိဘေတြကို သတိထားဖို႕သူမရဲ႕သမီးေလးၾကံဳေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္ေလးကို ေျပာျပကာသတိေပးလာတဲ့ အိအိတုန္

အိအိတုန္ ကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ကားေတြမွာ အေရးပါတဲ့ ဇာတ္ပို႔ေနရာကေန သ႐ုပ္ေဆာင္ၿပီး ပရိသတ္ အခ်စ္ကို သိမ္းပိုက္ခဲ့သူ တစ္ေယာက္ ျဖစ္ပါတယ္။ အိအိတုန္ကေတာ့ အႏုပညာ အလုပ္အျပင္ အြန္လိုင္းကေန ေဈးေရာင္းၿပီးလည္း သမာအာဇီဝက်က် စီးပြားရွာေနသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ သမီးႏွစ္ေယာက္ေမြးဖြားထားၿပီျဖစ္တဲ့ အိအိတုန္ဟာ ဒီကေန႔မွာေတာ့ သူမရဲ့သမီးငယ္ေလးကို အမွတ္တမဲ့ခ်ီလိုက္ရင္း အရိုးက်ိဳးမလိုျဖစ္သြားတဲ့ျဖစ္စဥ္ကို ေမေမေတြအားလုံးသတိထားနိုင္ဖို႔ အခုလိုပဲေျပာျပလာပါတယ္။

“မနက္အေစာႀကီးေဆး႐ုံ ထပ္ေျပး ကိုယ္လည္းတစ္ခါမွမျဖစ္ဖူးေတာ့လန႔္သြား သမီးငယ္ေလးကို ခ်ီလိုက္တာ အခန႔္မသင့္ေတာ့ လက္ဆစ္လႊဲသြားတာ ဂေလာက္လို႔ၾကားေတာ့ လက္ကက်ိဳးၿပီလားမသိဘူးဆိုၿပီးလန႔္ေနတာ။ မေန႔ကညေနသြားျပေတာ့ အေရးေပၚပဲျပခဲ့ရတယ္။ ဒီေန႔မွအရိုးဆရာဝန္နဲ႔ျပန္ျပေတာ့ သမီးငယ္ေလးက အရိုးႏုေနတာမို႔ျပန္ဆက္မိသြားတယ္တဲ့။ ကေလးငယ္ရွိတဲ့ေမေမေတြ အထူးဂ႐ုစိုက္ပါေနာ္။ တခါမွမျဖစ္ဖူးေတာ့ မေန႔ကဘာလုပ္လို႔လုပ္ရမွန္းမသိတာ ညၾကေတာ့ သမီးကလက္ေလးျပန္လူပ္နိုင္ၿပီးျပန္ကစားလာလို႔စိတ္သက္သာရ။ ခုမနက္တခါသြားျပလိုက္ေတာ့ ဘာမွမျဖစ္ေတာ့ဖူးဆိုမွအလုံးႀကီးက်”

“ကေလးရွိတဲ့ေမေမတိုင္း အမူမဲ့လက္ကို ဆြဲလိုက္တာတို႔ဆို အခန႔္မသင့္ရင္ျဖစ္နိုင္ တာမို႔ ဆင္ျခင္လို႔ရေအာင္ပါ။ အရြယ္မေရြး ကေလးငယ္တိုင္း ျဖစ္တက္ပါတယ္တဲ့။ အဲ့လိုျဖစ္ရင္လုံးဝမႏွိပ္ပါနဲ႔တဲ့။ ဘာေဆးမွလည္းမလိမ္းပါနဲ႔တဲ့။ မေန႔ကထူပူေနေပမဲ့ မႏွိပ္ခဲ့ဘူး။ ႏွိပ္လိုက္မိရင္အရိုးျပန္ဆက္မဲ့ဟာကမဆက္ပဲ ပိုလႊဲသြားတက္တယ္တဲ့။ အခုေတာ့ သမီးငယ္ေလးျပန္ေကာင္းသြားပါၿပီ။ စိတ္ပူၿပီးေမးၾကတဲ့ ခ်စ္တုန္းတို႔တစ္ေယာက္ခ်င္းဆီေက်းဇူးအမ်ားႀကီးတင္ပါတယ္” ဆိုၿပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန ေျပာလာ ပါတယ္။ အိအိတုန္ကေတာ့ ႏုနယ္တဲ့ကေလးငယ္ေလး ကို ကိုင္တြယ္ရာမွာ အမႈမဲ့အမွတ္မဲ့ကေန ကေလးျဖစ္သူအရိုးေလးေတြကို ဒဏ္ရာျဖစ္ေစနိုင္ေၾကာင္း သူမရဲ့ကိုယ္ေတြ႕အေၾကာင္းနဲ႔ပက္သတ္ၿပီး သတိေပးလာတာပဲျဖစ္ပါတယ္။

Source: Ei Tone ‘s fb
Credit:Myanmar Celebrities

ကလေးငယ်ရှိတဲ့ မိဘတွေကို သတိထားဖို့သူမရဲ့သမီးလေးကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးကို ပြောပြကာသတိပေးလာတဲ့ အိအိတုန်

အိအိတုန် ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ အရေးပါတဲ့ ဇာတ်ပို့နေရာကနေ သရုပ်ဆောင်ပြီး ပရိသတ် အချစ်ကို သိမ်းပိုက်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ အိအိတုန်ကတော့ အနုပညာ အလုပ်အပြင် အွန်လိုင်းကနေ ဈေးရောင်းပြီးလည်း သမာအာဇီဝကျကျ စီးပွားရှာနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ သမီးနှစ်ယောက်မွေးဖွားထားပြီဖြစ်တဲ့ အိအိတုန်ဟာ ဒီကနေ့မှာတော့ သူမရဲ့သမီးငယ်လေးကို အမှတ်တမဲ့ချီလိုက်ရင်း အရိုးကျိုးမလိုဖြစ်သွားတဲ့ဖြစ်စဉ်ကို မေမေတွေအားလုံးသတိထားနိုင်ဖို့ အခုလိုပဲပြောပြလာပါတယ်။

“မနက်အစောကြီးဆေးရုံ ထပ်ပြေး ကိုယ်လည်းတစ်ခါမှမဖြစ်ဖူးတော့လန့်သွား သမီးငယ်လေးကို ချီလိုက်တာ အခန့်မသင့်တော့ လက်ဆစ်လွှဲသွားတာ ဂလောက်လို့ကြားတော့ လက်ကကျိုးပြီလားမသိဘူးဆိုပြီးလန့်နေတာ။ မနေ့ကညနေသွားပြတော့ အရေးပေါ်ပဲပြခဲ့ရတယ်။ ဒီနေ့မှအရိုးဆရာဝန်နဲ့ပြန်ပြတော့ သမီးငယ်လေးက အရိုးနုနေတာမို့ပြန်ဆက်မိသွားတယ်တဲ့။ ကလေးငယ်ရှိတဲ့မေမေတွေ အထူးဂရုစိုက်ပါနော်။ တခါမှမဖြစ်ဖူးတော့ မနေ့ကဘာလုပ်လို့လုပ်ရမှန်းမသိတာ ညကြတော့ သမီးကလက်လေးပြန်လူပ်နိုင်ပြီးပြန်ကစားလာလို့စိတ်သက်သာရ။ ခုမနက်တခါသွားပြလိုက်တော့ ဘာမှမဖြစ်တော့ဖူးဆိုမှအလုံးကြီးကျ”

“ကလေးရှိတဲ့မေမေတိုင်း အမူမဲ့လက်ကို ဆွဲလိုက်တာတို့ဆို အခန့်မသင့်ရင်ဖြစ်နိုင် တာမို့ ဆင်ခြင်လို့ရအောင်ပါ။ အရွယ်မရွေး ကလေးငယ်တိုင်း ဖြစ်တက်ပါတယ်တဲ့။ အဲ့လိုဖြစ်ရင်လုံးဝမနှိပ်ပါနဲ့တဲ့။ ဘာဆေးမှလည်းမလိမ်းပါနဲ့တဲ့။ မနေ့ကထူပူနေပေမဲ့ မနှိပ်ခဲ့ဘူး။ နှိပ်လိုက်မိရင်အရိုးပြန်ဆက်မဲ့ဟာကမဆက်ပဲ ပိုလွှဲသွားတက်တယ်တဲ့။ အခုတော့ သမီးငယ်လေးပြန်ကောင်းသွားပါပြီ။ စိတ်ပူပြီးမေးကြတဲ့ ချစ်တုန်းတို့တစ်ယောက်ချင်းဆီကျေးဇူးအများကြီးတင်ပါတယ်” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာ ပါတယ်။ အိအိတုန်ကတော့ နုနယ်တဲ့ကလေးငယ်လေး ကို ကိုင်တွယ်ရာမှာ အမှုမဲ့အမှတ်မဲ့ကနေ ကလေးဖြစ်သူအရိုးလေးတွေကို ဒဏ်ရာဖြစ်စေနိုင်ကြောင်း သူမရဲ့ကိုယ်တွေ့အကြောင်းနဲ့ပက်သတ်ပြီး သတိပေးလာတာပဲဖြစ်ပါတယ်။

Source: Ei Tone ‘s fb
Credit:Myanmar Celebrities