Source: Ah Boy ‘s fb
ချစ်ရတဲ့သမီးလေးသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့သမီးအလတ်လေးရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်တွေကို ပြသလာတဲ့ ဖေဖေ Ah Boy
အဆိုတော် Ah Boy ကတော့ အမိုက်စား Rap သီချင်းတွေကို သီဆိုသူ တစ်ယောက်ဖြစ်ပြီး ဂီတအနုပညာအလုပ်နဲ့ အချိန်အတော်ကြာအဆက်အသွယ်ပြတ်တောက်သွားခဲ့ တာဖြစ်ပါတယ်။ (၂၀၂၀) ခုနှစ်မှ သီချင်းတွေပြန်လည်သီဆိုလာတဲ့ Ah Boy က အခုလက်ရှိ မှာလည်း နိုင်ငံရေးအခြေအနေတွေကြောင့် အနုပညာအလုပ်အားလုံးကို ရပ်နားထားပြီး မိသားစုကိုသာ အချိန်ပေးဖြစ်နေတာပဲဖြစ်ပါတယ်။
သမီးသုံးယောက်နဲ့ သားတစ်ယောက် ကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ Ah Boy က သူ့ရဲ့သားသမီး အားလုံးကို ညီတူမျှတူချစ်ပေးရင်း အိမ်ထောင်ဦးစီးကောင် းတစ်ယောက်အဖြစ် ကြိုးစားနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ Ah Boy က သူ့ရဲ့အချစ်ဆုံး သားသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ သမီးလတ်လေး ဆုပြည့်ဖြိုးထွန်းရဲ့ ချစ်စရာကောင်းတဲ့ပုံရိပ်အချို့ကိုကြည့်ပြီး သူ့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ရတနာထဲက တစ်ခုဖြစ်ကြောင်း ပြောလာပါတယ်။
Ah Boy ကတော့ သမီးတွေ၊ သားတွေထဲက အချစ်ဆုံး ဆိုတာရယ်မရှိပဲ အားလုံးကို ညီတူမျှတူနဲ့ တန်ဖိုးထားပြီး ချစ်တဲ့ ဖခင်တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Ah Boy ရဲ့ သမီးအလတ်လေး ဆုပြည့်ဖြိုးထွန်းကိုကြည့်ပြီး အချစ်ပိုနေကြမယ်လို့ ထင်ပါတယ်။
Source: Ah Boy ‘s fb
Credit:Myanmar Celebrities