ျပည္သူအားလံုးရဲ႕အင္အားနဲ႕ နာရီ၂၀အတြင္းမွာ 1 Million View ရရွိခဲ့တဲ့ လင္းလင္းနဲ႔ R ဇာနည္တို႔ရဲ့”ေနာက္ဆုံးျဖစ္ရမယ္” သီခ်င္း

Posted on

ျပည္သူအားလံုးရဲ႕အင္အားနဲ႕ နာရီ၂၀အတြင္းမွာ 1 Million View ရရွိခဲ့တဲ့ လင္းလင္းနဲ႔ R ဇာနည္တို႔ရဲ့”ေနာက္ဆုံးျဖစ္ရမယ္” သီခ်င္း

လက္ရွိ ျမန္မာ့ေႏြဦးေတာ္လွန္ေရးမွာ လူတန္းစားေပါင္းစုံ၊ နယ္ပယ္ေပါင္းစုံ၊ အသက္ အရြယ္ ေပါင္းစုံ၊ က်ားမေပါင္းစုံက ျပည္သူေတြဟာ စစ္အာဏာရွင္ကို ဆန႔္က်င္ေတာ္လွန္ဖို႔ ရရာနည္းလမ္း နဲ႔ တက္ႂကြစြာပါဝင္ လႈပ္ရွားေနၾကတာပဲျဖစ္ပါတယ္။ အႏုပညာနယ္ပယ္အသီးသီးက ပညာရွင္ေတြကလည္း သူတို႔ကၽြမ္းက်င္တတ္ေျမာက္တဲ့ပညာနဲ႔ ေတာ္လွန္ေရးအတြက္ တစ္ေထာင့္တစ္ေနရာကေန ပါဝင္လႈပ္ရွားေနၾကတာပဲျဖစ္ပါတယ္။

အဆိုေတာ္ လင္းလင္းနဲ႔ R ဇာနည္တို႔ ကလည္း သူတို႔ကၽြမ္းက်င္တဲ့ ဂီတအႏုပညာနဲ႔ “ေနာက္ဆုံးျဖစ္ရမယ္”ဆိုတဲ့ သီခ်င္းကိုထုတ္လုပ္ခဲ့ၿပီး ထိုသီခ်င္းကေနရရွိတဲ့ ပိုက္ဆံအားလုံးကို လႉဒါန္းနိုင္ဖို႔ YOUTUBE 1 MILLION CHALLENGE ျပဳလုပ္ခဲ့ပါတယ္။ YOUTUBE 1 MILLION CHALLENGE က သီခ်င္းတင္ၿပီး နာရီ (၂၀) အၾကာမွာပဲ ျပည္သူအားလုံးရဲ့ဝိုင္းဝန္းအားေပးမႈနဲ႔ 1 Million ျပည့္သြားခဲ့ပါတယ္။

လင္းလင္းက “နာရီ ၂၀ အတြင္းမွာဘဲ 1M နဲ႔ mission ေအာင္ပါတယ္။ ဒါဟာ အၾကမ္းဖက္အာဏာရွင္ လက္ေအာက္မွ အၿပီးတိုင္ ႐ုန္းထြက္ဖို႔ ေတာ္လွန္ေရး ‘တံခါး’ မွန္သမၽွစည္းလုံ းညီညြတ္စြာ ‘ေခါက္’ ၾကတဲ့ျပည္သူေတြရဲ့ ‘စုဖြဲ႕မႈ’ ပါ။ ကမၻာ့ေျမပုံအႏွံ့ လတၱီက်ဳ၊ ေလာင္ဂ်ီက်ဳ အႏွံ့ ရိုက္ခတ္သြားတဲ့ တိတ္ဆိတ္စြာ ဟစ္ေကၽြးလိုက္ေသာ အက်ယ္ေလာင္ဆုံးအသံ ” ဒီဇင္ဘာ ၁၀ ” 🙏🏼 ျပည္သူအားလုံး က်န္းမာၾကပါေစ 🙏🏼” ဆိုၿပီး ျပည္သူအားလုံးကို ေက်းဇူးတင္စကားေျပာခဲ့သလို R ဇာနည္ကလည္း ” ျပည္သူလူထုအားလုံးဟာ လြတ္လပ္ၿပီး တရားမၽွတ တဲ့ နိုင္ငံေတာ္ အခြင့္ေရးေတြ နဲ႔ ထိုက္တန္ေနၿပီ။နာရီ 20 နဲ႔ 1 M အတြက္ ပါဝင္သူအားလုံး ေက်းဇူး အမ်ားႀကီးတင္ပါတယ္” ဆိုၿပီး ေက်းဇူးတင္စကားေျပာခဲ့ပါတယ္။

Source: Htwe Lynn Ko’s fb
Credit:Myanmar Celebrities

ပြည်သူအားလုံးရဲ့အင်အားနဲ့ နာရီ၂ဝအတွင်းမှာ 1 Million View ရရှိခဲ့တဲ့ လင်းလင်းနဲ့ R ဇာနည်တို့ရဲ့”နောက်ဆုံးဖြစ်ရမယ်” သီချင်း

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ လူတန်းစားပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံ၊ အသက် အရွယ် ပေါင်းစုံ၊ ကျားမပေါင်းစုံက ပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဖို့ ရရာနည်းလမ်း နဲ့ တက်ကြွစွာပါဝင် လှုပ်ရှားနေကြတာပဲဖြစ်ပါတယ်။ အနုပညာနယ်ပယ်အသီးသီးက ပညာရှင်တွေကလည်း သူတို့ကျွမ်းကျင်တတ်မြောက်တဲ့ပညာနဲ့ တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေကြတာပဲဖြစ်ပါတယ်။

အဆိုတော် လင်းလင်းနဲ့ R ဇာနည်တို့ ကလည်း သူတို့ကျွမ်းကျင်တဲ့ ဂီတအနုပညာနဲ့ “နောက်ဆုံးဖြစ်ရမယ်”ဆိုတဲ့ သီချင်းကိုထုတ်လုပ်ခဲ့ပြီး ထိုသီချင်းကနေရရှိတဲ့ ပိုက်ဆံအားလုံးကို လှူဒါန်းနိုင်ဖို့ YOUTUBE 1 MILLION CHALLENGE ပြုလုပ်ခဲ့ပါတယ်။ YOUTUBE 1 MILLION CHALLENGE က သီချင်းတင်ပြီး နာရီ (၂၀) အကြာမှာပဲ ပြည်သူအားလုံးရဲ့ဝိုင်းဝန်းအားပေးမှုနဲ့ 1 Million ပြည့်သွားခဲ့ပါတယ်။

လင်းလင်းက “နာရီ ၂၀ အတွင်းမှာဘဲ 1M နဲ့ mission အောင်ပါတယ်။ ဒါဟာ အကြမ်းဖက်အာဏာရှင် လက်အောက်မှ အပြီးတိုင် ရုန်းထွက်ဖို့ တော်လှန်ရေး ‘တံခါး’ မှန်သမျှစည်းလုံ းညီညွတ်စွာ ‘ခေါက်’ ကြတဲ့ပြည်သူတွေရဲ့ ‘စုဖွဲ့မှု’ ပါ။ ကမ္ဘာ့မြေပုံအနှံ့ လတ္တီကျု၊ လောင်ဂျီကျု အနှံ့ ရိုက်ခတ်သွားတဲ့ တိတ်ဆိတ်စွာ ဟစ်ကျွေးလိုက်သော အကျယ်လောင်ဆုံးအသံ ” ဒီဇင်ဘာ ၁၀ ” 🙏🏼 ပြည်သူအားလုံး ကျန်းမာကြပါစေ 🙏🏼” ဆိုပြီး ပြည်သူအားလုံးကို ကျေးဇူးတင်စကားပြောခဲ့သလို R ဇာနည်ကလည်း ” ပြည်သူလူထုအားလုံးဟာ လွတ်လပ်ပြီး တရားမျှတ တဲ့ နိုင်ငံတော် အခွင့်ရေးတွေ နဲ့ ထိုက်တန်နေပြီ။နာရီ 20 နဲ့ 1 M အတွက် ပါဝင်သူအားလုံး ကျေးဇူး အများကြီးတင်ပါတယ်” ဆိုပြီး ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

Source: Htwe Lynn Ko’s fb
Credit:Myanmar Celebrities