
Posted on





Source – Baby Maung
Credit– CeleGabar

ခင်ပွန်းဖြစ်သူရဲ့ သူမအပေါ်ကြင်နာယုယမှုတွေကို ဗီဒီယိုနှင့်တကွသက်သေပြလိုက်တဲ့ ဘေဘီမောင်

ပရိသတ်ကြီးရေ သားဂန်နဲ့ ဘေဘီမောင်တို့ ဇနီးမောင်နှံလေး ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင် နှစ်သက်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်စုံတွဲလေးတစ်တွဲပဲဖြစ်ပါတယ်။ ဘေဘီမောင် အပေါ်မှာ မေတ္တာစစ်မေတ္တာမှန်နဲ့ ချစ်တဲ့ သားဂန်းရဲ့ ချစ်တတ်မှုကြောင့် ပရိသတ်တွေက ဘေဘီမောင်တို့ စုံတွဲလေးကို ချစ်ခင်ကြတာဆိုရင်လည်း မမှားပါဘူးနော်။

မကြာသေးခင် အချိန်ကမှ လောလောလတ်လတ် လက်ထပ်ထားတဲ့ သားဂန်နဲ့ဘေဘီမောင်တို့ ပူပူနွေးနွေး ဇနီးမောင်နှံလေး ကတော့ မြင်သူတကာအားကျရလောက်အောင်လည်း ရိုလွန်းလှပါသေးတယ်။ ဒီနေ့မှာလည်း ဘေဘီမောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ခင်ပွန်းဖြစ်သူ သားဂန်းက စိတ်ပါလက်ပါနဲ့ သေသေ ချာချာ ရိုက်ကူးပေးထားတဲ့ ဗီဒီယိုလေးတစ်ခုကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။

ဇနီးချောလေး ဘေဘီမောင် ရဲ့ လှုပ်ရှာမှုတိုင်းကို လိုက်ဖက်ညီစွာနဲ့ စိတ်ရှည်လက်ရှည်အသေးစိတ် ရိုက်ကူးပေးထားခဲ့တဲ့ ရိုက်ခိက်တွေကြောင့် ဇနီးချောလေးဘေဘီမောင်သာမက ကြည့်ရတဲ့ ပရိသတ်တွေကပါ သဘောကျနေခဲ့ ရပါသေးတယ်။ ပရိသတ်ကြီးရေ သားဂန်းကတော့ ဒီလို ရိုက်ချက်မျိုးနဲ့ ဆိုရင် ဒါရိုက်တာေ တာင်လုပ်လို့ရနေပြီနော်။

Source – Baby Maung
Credit– CeleGabar