
Posted on





Source – Zenn Kyi
Credit– CeleGabar

သားလေးရဲ့မွေးနေ့မှာ အလှပဆုံးနဲ့ အဓိပ္ပာယ်ရှိတဲ့စကားလေးကို မွေးနေ့ဆုတောင်းပေးလိုက်တဲ့ ဇဏ်ခီ

ပရိသတ်ကြီးရေ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ အနုပညာရှင် စုံတွဲလေး တစ်တွဲပဲဖြစ်ပါတယ်။ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေအားကျနေရတဲ့ အိမ်ထောင်ရှင်အနုပညာစုံတွဲလေးဆိုရင်လည်းမမှားပါဘူး။

မိသားစုဝင်တွေအပေါ်မှာအမြဲတမ်း အလေးထားတဲ့ ဇဏ်ခီကတော့ ဒီနေ့မှာကျရောက်တဲ့ သားလေးရဲ့ မွေးနေ့အတွက် ကိုလည်း မွေးနေ့ဆုမွန်ကောင်းတွေ အခုလိုပဲတောင်းပေးထားခဲ့ပါတယ်။”Happy 9th Birthday Noah! “ဘဝရဲ့လှည့်ကွက်တွေထဲ တချိန်ချိန်တော့ပေးလျှောက်ရမှာပဲ။ ကိုယ်တွေ့မရှိရင်လောကဓံကို ရင်ဆိုင်နိုင်ဖို့ခက်မယ်။ အမည်းစက်မစွန်းတဲ့လူမရှိဘူးသားရယ် အခြေအနေတွေဟာပြောင်းလဲနေပေမယ့် ကိုယ်ကျင့်တရားနဲ့ဘာကိုမှမလဲလိုက်ပါနဲ့..” ဂုဏ် ဒြပ် အရာဝတ္တု စည်းစိမ်ဥစ္စာ အာဏာအတွက် ကိုယ့်ရဲ့ကိုယ်ကျင့်တရားကိုလဲလိုက်ပြီဆိုရင် မင်းလူဖြစ်ရှူံးပြီသားရေ “ဆိုပြီး သူရဲ့ သီချင်းလေးတစ်ပုဒ်ထဲက စားသားလေးတွေနဲ့အတူ သားဖြစ်သူကို ဆုံးမစကားလေးပြောကာ မွေးနေ့ဆုမွန်ကောင်းတောင်းပေး ထားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း Noah လေး အတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေး ခဲ့ကြပါဦးနော်။ဇစ်ခီရဲ့ သားဖြစ်သူကို မွေးနေ့ဆုတောင်းပေးထားတဲ့ ထဲက သီချင်းလေးကတော့ သူတို့ဇနီးမောင်နှံရဲ့ သွားနှင့်လေပြီးတဲ့ ပထမသားလေး Tristin Htut Khaung Kyi အတွက်ရေးပေးခဲ့တဲ့ “ရှိနေမယ်” ဆိုတဲ့သီချင်းလေးထဲက တစ်ပိုဒ်ပါတဲ့ ပရိသတ်ကြီးတွေနားဆင်လို့ရအောင် သီချင်းလေးကိုပါ မျှဝေဖော်ပြလိုက်ပါတယ်နော်။

Source – Zenn Kyi
Credit– CeleGabar