အိမ္ေထာင္သက္တမ္း (၁) လျပည့္ေန႔မွာ ခင္ပြန္းဆီက တန္ဖိုးႀကီးပစၥည္းတစ္ခုကို လက္ေဆာင္ရရွိခဲ့လို႕ အတိုင္းမသိေပ်ာ္ေနတဲ့ ေအးခ်မ္းမိုး
အလွမယ္၊ ေမာ္ဒယ္လ္ တစ္ေယာက္လည္းျဖစ္သလို အစီအစဥ္တင္ဆက္သူ တစ္ေယာက္လည္းျဖစ္တဲ့ ေအးခ်မ္းမိုး ကေတာ့ ျမင္သူရင္ကို ေအးခ်မ္းေစတဲ့ အျပဳံးခ်ိဳခ်ိဳေလးေတြကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ေအးခ်မ္းမိုးက ၿပီးခဲ့တဲ့ နိုဝင္ဘာလ အတြင္းကပဲ လက္ထပ္ခဲ့ၿပီးေနာက္ အခုဆိုရင္ အိမ္ေထာင္သည္ ဘဝကို ျဖတ္သန္းေနၿပီပဲျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ေအးခ်မ္းမိုးက ၾကင္စဦးအိမ္ေထာင္သည္ဘဝမွာ အခ်စ္ခံေနရၿပီး ဂ႐ုစိုက္ခံေနရေၾကာင္း ေျပာလာပါတယ္။
ေအးခ်မ္းမိုးက သူမတို႔ဇနီးေမာင္ႏွံရဲ့ အိမ္ေထာင္သက္တမ္း (၁) လျပည့္ေန႔မွာ ေနာက္ဆုံးေပၚ Apple ipad လက္ေဆာင္ရရွိခဲ့ေၾကာင္း “ေက်းဇူးပါ ခ်စ္ခင္ပြန္းေရ.. ကၽြန္မ တို႔ မဂၤလာသက္တမ္း (၁) လျပည့္ေန႔အတြက္ ရွင္ေပးတဲ့ Surprise လက္ေဆာင္ကို တကယ္ပဲႀကိဳက္ႏွစ္သက္ပါတယ္။” ဆိုၿပီး သူမရဲ့ ေဖ့စ္ဘုတ္ My Day မွာ တင္လာပါတယ္။
ေအးခ်မ္းမိုး ကေတာ့ ခ်စ္သူမျဖစ္ခင္ကတည္းက သူမအေပၚ စိတ္ရွည္ၿပီး ေမတၱာစစ္၊ ေမတၱာမွန္နဲ႔ခ်စ္ခင္သူကို ၾကင္ယာဘက္အျဖစ္ေရာ အိမ္ေထာင္ဘက္အျဖစ္ပါ ေရြးခ်ယ္ခဲ့ၿပီး ေရြးခ်ယ္မႈမွန္ကန္ခဲ့တဲ့အခါ အရမ္းကိုအခ်စ္ခံေနရတာပဲျဖစ္ပါတယ္။
Source: Aye Chan Moe’s fb
Credit:Myanmar Celebrity
အိမ်ထောင်သက်တမ်း (၁) လပြည့်နေ့မှာ ခင်ပွန်းဆီက တန်ဖိုးကြီးပစ္စည်းတစ်ခုကို လက်ဆောင်ရရှိခဲ့လို့ အတိုင်းမသိပျော်နေတဲ့ အေးချမ်းမိုး
အလှမယ်၊ မော်ဒယ်လ် တစ်ယောက်လည်းဖြစ်သလို အစီအစဉ်တင်ဆက်သူ တစ်ယောက်လည်းဖြစ်တဲ့ အေးချမ်းမိုး ကတော့ မြင်သူရင်ကို အေးချမ်းစေတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ အေးချမ်းမိုးက ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်းကပဲ လက်ထပ်ခဲ့ပြီးနောက် အခုဆိုရင် အိမ်ထောင်သည် ဘဝကို ဖြတ်သန်းနေပြီပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အေးချမ်းမိုးက ကြင်စဦးအိမ်ထောင်သည်ဘဝမှာ အချစ်ခံနေရပြီး ဂရုစိုက်ခံနေရကြောင်း ပြောလာပါတယ်။
အေးချမ်းမိုးက သူမတို့ဇနီးမောင်နှံရဲ့ အိမ်ထောင်သက်တမ်း (၁) လပြည့်နေ့မှာ နောက်ဆုံးပေါ် Apple ipad လက်ဆောင်ရရှိခဲ့ကြောင်း “ကျေးဇူးပါ ချစ်ခင်ပွန်းရေ.. ကျွန်မ တို့ မင်္ဂလာသက်တမ်း (၁) လပြည့်နေ့အတွက် ရှင်ပေးတဲ့ Surprise လက်ဆောင်ကို တကယ်ပဲကြိုက်နှစ်သက်ပါတယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် My Day မှာ တင်လာပါတယ်။
အေးချမ်းမိုး ကတော့ ချစ်သူမဖြစ်ခင်ကတည်းက သူမအပေါ် စိတ်ရှည်ပြီး မေတ္တာစစ်၊ မေတ္တာမှန်နဲ့ချစ်ခင်သူကို ကြင်ယာဘက်အဖြစ်ရော အိမ်ထောင်ဘက်အဖြစ်ပါ ရွေးချယ်ခဲ့ပြီး ရွေးချယ်မှုမှန်ကန်ခဲ့တဲ့အခါ အရမ်းကိုအချစ်ခံနေရတာပဲဖြစ်ပါတယ်။
Source: Aye Chan Moe’s fb
Credit:Myanmar Celebrity