
Posted on





Credit:Cele Thadin

အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့ ပြည်သူချစ်မင်းသားတွေနဲ့အတူ ရိုက်ကူးခဲ့တဲ့ ရှုတင်ပုံရိပ်လေးတွေကို အမှတ်တရပြန်လည်မျှဝေလာတဲ့ မေပန်းချီ

ပရိသတ်ကြီးရေ သရုပ်ဆောင် မေပန်းချီ ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ကတည်းက ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာပါဝင် သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို သိမ်းပိုက်ရရှိ ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိနေတာ ဖြစ်ပါတယ်။

မေပန်းချီဟာ နွေဦးတော်လှန်ရေး မှာလည်း ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။အကျဉ်းထောင် ထဲမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပြည်သူချစ်အနုပညာရှင်တွေအတွက်လည်း စိတ်မကောင်းဖြစ်နေတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်က မေပန်းချီရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်ဓာတ်ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ ဓမ္မဘက်တွင် ရပ်တည်ခဲ့တဲ့ ပြည်သူချစ်မင်းသားတွေနဲ့ အမှတ်တရရိုက်ကူးခဲ့တဲ့ ရှုတင်ပုံရိပ်တွေကိုပြန်လည် ဝေမျှပေးလာခဲ့တာ ဖြစ်ပါတယ်။ ” မန်မိုရီ ပြန်တက်လာတဲ့ ကားထဲမှာ ဒီကားထဲက မင်းသားတွေကို အကျေနပ်ဆုံးပဲ 😃လူရွေးကြည့်စရာမလိုတော့ဘူး ဟုတ်တယ်ဟုတ်တိုက်ဆိုင်လို့ တင်လိုက်တာပါ အားလုံးကိုသတိရနေပါကြောင်း🙏🏼🙏🏼🙏🏼(အာဒံများနှင့် နံရိုးများ ရှုတင်)” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Credit:Cele Thadin