
Posted on





Source – Shandra Shwe Si
Credit:CeleGabar

စကားတွေပြောနေတဲ့ အသဲယားစရာကောင်းတဲ့ သမီးလေးရဲ့ဗီဒီယိုလေးကို ပြသလာတဲ့ မေမေခင်လွှမ်း

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် သရုပ်ဆောင် မင်းသားချော စည်ဖြိုးနဲ့ ခင်လွှမ်းတို့ နှစ်ဦး ကတော့ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ထောင်ထားပြီး ချစ်စရာကောင်းလှတဲ့ သမီးလေးကို ပိုင်ဆိုင်ထားပါတယ်။ သမီးလေးကလည်း ဖေဖေမေမေတို့ရဲ့ အချောတွေကို အမွေရထားပြီး ပရိသတ်တွေရဲ့အချစ်တော်လေးလည်းဖြစ်နေခဲ့ပါတယ်။

မေမေခင်လွှမ်းကတော့ သမီးလေးကို ချစ်တဲ့ ပရိသတ်တွေအတွက် သမီးလေးရဲ့ ပုံလေးတွေကို မကြာခဏ ဆိုသလို လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေပေးလေ့ရှိပါတယ်။ ဒီနေ့မှာလည်း သမီးလေးက ဝူးဝူးဝါးဝါးနဲ့ စကားတွေအားရပါးရပြောနေတဲ့ အသဲယားစရာကောင်းလှတဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။

Shandraလေးကတော့ အရွယ်နဲကမလိုက်အောင်ကို ချစ်ဖို့ကောင်းလွန်း လှတာကြောင့် ပရိသတ်တွေက Shandraလေးရဲ့ ဒီဗီဒီယိုလေးကိုကြည့်ပြီး အချစ်ပိုနေရကြောင်း မှတ်ချက်တွေပေးနေခဲ့ကြပါသေးတယ်။ ပရိသတ်ကြီးတွေထဲက Shandraလေးကို ချစ်ကြတဲ့ ပရိသတ်တွေ အတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Shandra Shwe Si
Credit:CeleGabar