
Posted on





Credit; CeleGabar

သားလေးရဲ့မွေးနေ့မှာ ဘုန်းကြီးဆွမ်းကပ်ပြီးကောင်းမှုကုသိုလ်ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို ပြသလာတဲ့ မေမေခင်ဇာခြည်ကျော်

ပရိသတ်ကြီးရေ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၆)ရက်နေ့လေး ကတော့ ပရိသတ်တွေရဲ့အချစ်တော် ဘုန်းမင်းနေလရဲ့ အသက် (၂၀)နှစ်တိတိပြည့်မြောက်နဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့နေ့ရက် လေးပဲဖြစ်ပါတယ်။ ဘုန်းမင်းနေလ ကတော့ အကယ်ဒမီမင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သားဖြစ်ပြီး လက်ရှိမှာ သူကိုယ်တိုင်လည်းအနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပြီလည်းဖြစ်ပါတယ်။

ဘုန်းမင်းနေလရဲ့ အနုပညာသက်တမ်းကတော့ နုသေးတယ် ဆိုပေမဲ့ အားပေးတဲ့ ပရိသတ်တွေကတော့ အခိုင်အမာရရှိနေခဲ့ပြီပဲဖြစ်ပါတယ်။ ဘုန်းမင်းနေလကတော့ (၆)ရက်နေ့မှာကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့ရက်မြတ်လေးမှာ မွေးနေ့အလှူလေးအနေနဲ့ ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာမှာတည်ရှိတဲ့ မိဂဒါဝုန်ကျောင်းတိုက်မှာ ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့ပါတယ်။

မွေးနေ့အလှူလေးအဖြစ် ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ အကြောင်းကို မိခင်ဖြစ်သူ ခင်ဇာခြည်ကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက် နှာကနေ သားရဲ့ မွေးနေ့ကုသိုလ်တွေကို ပရိသတ်တွေအတွက် မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတွေထဲက ဘုန်းမင်းနေလရဲ့ ပရိသတ်တွေအတွက် ဘုန်းမင်းနေလရဲ့ မွေးနေ့အလှူပုံရိပ်လေးတွကို မျှဝေဖော်ပြပေး လိုက်ပါတယ်နော်။

Source – Khin Zar Chi Kyaw
Credit; CeleGabar