
Posted on





Credit:Cele Thadin

သမာအာဇီဝနဲ့ပင်ပင်ပန်းပန်းရှာထားပြီး စုထားတဲ့ပိုက်ဆံတွေ အလိမ်ခံလိုက်ရတာကြောင့် ဝမ်းနည်းနေတဲ့ ရဲနောင်တို့ဇနီးမောင်နှံ

ပရိသတ်ကြီးရေ အဆိုတော် ရဲနောင်ကတော့ ချစ်သူလေးနဲ့အတူ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ျထာင်ရေးကို ဖန်တီး တည်ဆောက် ထားတာ ဖြစ်ပါတယ်။ ဇနီးဖြစ်သူကိုလည်း တန်ဖိုးထားချစ်မြတ်နိုးပြီး လိုလေသေး မရှိအောင်ဂရုစိုက်လွန်းတာကြောင့် ပရိသတ်တွေကပါ အားကျနေရတာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်က ရဲနောင်ဇနီးချောလေးမှ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဝမ်းနည်းစရာသတင်းလေးတစ်ခု ဝေမျှပေးလာခဲ့ပါတယ်။

ဒါကတော့ ကျားကုတ်ကျားခဲ စုဆောင်းထားတဲ့ ငွေသိန်း(၄၀၀)ကျော် အလိမ်ခံလိုက်ရတဲ့ အတွက် ဝမ်းနည်းပူဆွေးနေရကြောင့် ရင်ဖွင့်ပြောပြ လာခဲ့တာ ဖြစ်ပါတယ်။ ပူဆွေးနေရတဲ့ ဇနီးဖြစ်သူကို မကြည့်ရက်တဲ့ အတွက် သူမရဲ့စီးပွားရေး လုပ်ငန်းတွေကိုပါ ဝိုင်းပြီး ကူညီပေးနေတဲ့ ရဲနောင်ရဲ့ သိတတ်မှုတွေကိုလည်း အခုလို ရေးသားပြောပြလာခဲ့တာ ဖြစ်ပါတယ်။

” လူတိုင်း စီးပွါးရေး/ကျန်းမာရေး အရာရာအရမ် းခက်ခဲနေတဲ့ 2021 ဒီနှစ်မှာ … ကျားကုတ်ကျားခဲ လင်မယား၂ယောက် ငွေ ကြိုးစားရှာ …မစားရက် မသုံးရက်နဲ့ လူလိမ်မတွေက လိမ်ပြေးသွားပေမဲ့ ကိုယ်ကနာမည်ပျက်မခံနိုင်တော့ အကုန် လိုက်စိုက်လိုက်လျော်ပေးတာ စာရင်းချုပ်ကြည့် လိုက်တော့ သိန်း 200ဝန်းကျင် …ဟိုအရင် လိမ်ခံရတဲ့ငွေ မပါ 4လပိုင်းကနေ ခု 12လပိုင်းထိ သိန်း200ဝန်းကျင် ..တကယ် ချွေးနဲစာ ပိုက်ဆံလေးတွေ နှမြောလိုက်တာ ကလေးလေး နာမည်မပျက်ဖို့အရေးကြီးတယ်ဆိုပြီး သူ့အတွက် ကော်ဖီ တစ်ခွက်တောင် မသထှာ …ရှာသမျှမိန်းမကို ပေးပြီး ..မိန်းမအလုပ်ကိုလဲ မပင်မပန်းမညီးမညူ ကူပေးတဲ့ ယောကျာ်းရေ တကယ်ကျေးဇူးပါဟာ …ဒီနှစ်ကုန်ရင် ငါတို့ အပူတွေအကုန်ပြီးပြီ 🦾 လူလိမ်မတွေကိုတော့ဒီတိုင်းအလွတ်မပေးဘူး ပိုက်ဆံ လာပေးလဲမယူတော့ဘူးသူတို့ထောင်ကျမှ ကျေနပ်မယ်…ငါ့ပိုက်ဆံလေးတွေ ပေးလိုက်ရတိုင်း ရင်နာတယ် လူလိမ်မတွေ😥” ဆိုပြီးရေးသားထားတာ ဖြစ်ပါတယ်။

Credit:Cele Thadin