Source – May Khine Ohn
Credit: CeleGabar
ဒီနေ့ ဒီဇင်ဘာလ(၇)ရက်နေ့လေးမှာ မင်္ဂလာနှစ်သက်တမ်း (၃၆)နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ အဆိုတော် ဇော်ဝင်းထွဋ်တို့ ဇနီးမာင်နှံ
ပရိသတ်ကြီးရေ အဆိုတော်ဇော်ဝင်းထွဋ် ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယနေ့ထိတိုင် ရရှိနေစဲဖြစ်တဲ့ ဝါရင့် အဆိုတော်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့ ဒီဇင်ဘာလ (၇)ရက်နေ့လေးကတော့ ပရိသတ် အချစ်တော် အဆိုတော်ဇော်ဝင်းထွဋ်နဲ့ သူ့ရဲ့ဇနီး တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။
ဒီနေ့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေး မှာတော့ ဇော်ဝင်းထွဋ်တို့ ဇနီးမောင်နှံက မင်္ဂလာသက်တမ်း (၃၆)နှစ်ပြည့်မြောက်သွားခဲ့ တာပဲဖြစ်ပါတယ်။ ဇော်ဝင်းထွဋ်ရဲ့ ဇနီးဖြစ်သူကတော့ ဒီနေ့မင်္ဂလာ နှစ်ပတ်လည်နေ့လေးမှာ အရင်နှစ်တွေကလို သားဖြစ်သူနဲ့ အတူရှိမနေနိုင်တဲ့ အတွက် “သားကလေယာဉ်ပျံကြီးကိုသံတိုင်ကြားကငေးမောရင်း ငှက်ကလေးတွေရဲ့ လွတ်လပ်စွာပျံသန်းခြင်းကို အားကျနေရတဲ့အချိန်မှာ ဒီအမေအတွက်ပျော်ရွှင်ခြင်းတွေဝေးတဲ့၃၆နှစ်မြောက်နှစ်ပါတ်လည်ပေါ့”ဆိုပြီး သားကိုလွမ်းဆွတ်နေကြောင်းခံစားချက်တွေကို ရင်ဖွင့်ထားခဲ့ပါသေးတယ်။
(၃၆)နှစ်ပြည့်မင်္ဂလာ နှစ်ပတ်လည်နေ့လေးမှာ သားဖြစ်သူနဲ့အတူ မရှိနေနိုင်ခဲ့ပေမဲ့ မိသားစုတွေ အမြန်ဆုံးပြန်လည်စုံစည်းပါစေလို့ ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေ လည်း ဇော်ဝင်းထွဋ်တို့ ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်လေး အတွက် ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။
Source – May Khine Ohn
Credit: CeleGabar