မြန္ျမတ္လွၿပီး ပီတိျဖစ္စရာေကာင္းတဲ့ အလွဴပံုရိပ္ေလးေတြကို ျပန္လည္မွ်ေ၀လာတဲ့ သားဂန္းနဲ႕ေဘဘီေမာင္

Posted on

မြန္ျမတ္လွၿပီး ပီတိျဖစ္စရာေကာင္းတဲ့ အလွဴပံုရိပ္ေလးေတြကို ျပန္လည္မွ်ေ၀လာတဲ့ သားဂန္းနဲ႕ေဘဘီေမာင္

ပရိသတ္ႀကီးေရ အဆိုေတာ္သားဂန္းနဲ႔ ေဘဘီေမာင္တို႔ စုံတြဲေလး ကေတာ့ မၾကာေသးခင္အခ်ိန္ကမွ လက္ထပ္ထားတဲ့ ပူပူေႏြးေႏြး ဇနီးေမာင္ႏွံေလးျဖစ္ၿပီး လက္ထပ္ၿပီးခ်ိန္ကေနလို႔ မဂၤလာဦးအလႉအျဖစ္ ေက်ာင္းေဆာင္ေဆာက္လုပ္လႉဒါန္းခဲ့တဲ့အျပင္ ေတာက္ေလၽွာက္ ဆိုသလို ႏွစ္ေယာက္အတူတူ စိတ္တူကိုယ္တူနဲ႔ အလႉအတန္းေတြကိုျပဳလုပ္ေနခဲ့ပါတယ္။

မေန႔က ဒီဇင္ဘာလ(၆)ရက္ေန ႔ကလည္း သားဂန္းနဲ႔ ေဘဘီေမာင္တို႔ စုံတြဲေလးက ဆြမ္းကပ္အလႉေလး တစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။ အလႉေလး ကေတာ့ ျပင္ဦးလြင္ၿမိဳ႕ ေအာင္ေျမေက်ာင္းတိုက္မွ ာရွိတဲ့ သံဃာေတာ္မ်ား သီလရွင္ ဆရာေလးေတြကို အ႐ုဏ္ဆြမ္းဆက္ကပ္လႉဒါန္းခဲ့တာပဲျဖစ္ပါတယ္။ ဒါ့အျပင္ ဇီးပင္ႀကီးရြာ ေအာင္ေျမေယာဂီမ်ားတို႔က အ႐ုဏ္ဆြမ္းဒါန ဆက္ကပ္လႉဒါန္းခဲ့ၾကပါေသးတယ္။

သားဂန္းနဲ႔ေဘဘီေမာင္တို႔ ဇနီးေမာင္ႏွံရဲ့ မြန္ျမတ္လွတဲ့ အာဟာရဒါနအလႉေလးရဲ့ မွတ္တမ္းပုံရိပ္ေလးေတြကို ပရိသတ္ႀကီးေတြ အတြက္ျပန္လည္မၽွေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။ပရိသတ္ႀကီးေတြလည္း သားဂန္းနဲ႔ေဘဘီေမာင္တို႔ရဲ့အလႉေလးကို သာဓုေခၚဆိုေပးခဲ့ၾကပါဦးေနာ္။

Source – Yadanar Aung Myay Yeik Thar
Credit:CeleGabar

မွန်မြတ်လှပြီး ပီတိဖြစ်စရာကောင်းတဲ့ အလှူပုံရိပ်လေးတွေကို ပြန်လည်မျှဝေလာတဲ့ သားဂန်းနဲ့ဘေဘီမောင်

ပရိသတ်ကြီးရေ အဆိုတော်သားဂန်းနဲ့ ဘေဘီမောင်တို့ စုံတွဲလေး ကတော့ မကြာသေးခင်အချိန်ကမှ လက်ထပ်ထားတဲ့ ပူပူနွေးနွေး ဇနီးမောင်နှံလေးဖြစ်ပြီး လက်ထပ်ပြီးချိန်ကနေလို့ မင်္ဂလာဦးအလှူအဖြစ် ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းခဲ့တဲ့အပြင် တောက်လျှောက် ဆိုသလို နှစ်ယောက်အတူတူ စိတ်တူကိုယ်တူနဲ့ အလှူအတန်းတွေကိုပြုလုပ်နေခဲ့ပါတယ်။

မနေ့က ဒီဇင်ဘာလ(၆)ရက်နေ ့ကလည်း သားဂန်းနဲ့ ဘေဘီမောင်တို့ စုံတွဲလေးက ဆွမ်းကပ်အလှူလေး တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ အလှူလေး ကတော့ ပြင်ဦးလွင်မြို့ အောင်မြေကျောင်းတိုက်မှ ာရှိတဲ့ သံဃာတော်များ သီလရှင် ဆရာလေးတွေကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဇီးပင်ကြီးရွာ အောင်မြေယောဂီများတို့က အရုဏ်ဆွမ်းဒါန ဆက်ကပ်လှူဒါန်းခဲ့ကြပါသေးတယ်။

သားဂန်းနဲ့ဘေဘီမောင်တို့ ဇနီးမောင်နှံရဲ့ မွန်မြတ်လှတဲ့ အာဟာရဒါနအလှူလေးရဲ့ မှတ်တမ်းပုံရိပ်လေးတွေကို ပရိသတ်ကြီးတွေ အတွက်ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ပရိသတ်ကြီးတွေလည်း သားဂန်းနဲ့ဘေဘီမောင်တို့ရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Yadanar Aung Myay Yeik Thar
Credit:CeleGabar