
Posted on





Source – Kyaw Soe Win
Credit: CeleGabar

တကယ်လိုအပ်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေဆီကို သွားရောက်လှူဒါန်းရလို့ အတိုင်းမသိဝမ်းသာပီတိဖြစ်နေတဲ့ ခန့်စည်သူ

ပရိသတ်ကြီးရေ ခန့်စည်သူကတော့ ပရိသတ်တွေရဲကအားပေး ချစ်ခင်မှုကို ရရှိထားတဲ့ပရိသတ်အချစ်တော် အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ ခန့်စည်သူကတော့ အလှူအတန်းတွေကိုရက်ရောစွာနဲ့ လှူဒါန်းတတ်တာကြောင့် ပရိသတ်တွေက လေးစားနေရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီနေ့မှာလည်း ခန့်စည်သူက စစ်ဘေးရှောင်တွေ အတွက် အဝတ်အထည်တွေ လှူဒါန်းပေးခဲ့တဲ့ သူ့ရဲ့အလှူလေးက တကယ်လိုအပ်နေတဲ့ စစ်ဘေးရှောင်တွေဆီကိုရောက်ရှိသွားခဲ့တဲ့ အတွက် ဝမ်းသားပီတိဖြစ်နေခဲ့ကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “လှူခဲ့တဲ့ အလှူလေးတစ်ခု ထိထိရောက်ရောက်လေးဖြစ်သွားခဲ့ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာ ပီတိ ကြည်နူးမိပါကြောင်း၊” ဆိုပြီး ပီတိတွေကို မျှဝေထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ ခန့်စည်သူ ကတော့ ဒီပီတိတွေနဲ့အတူ အခုလို သူ့ရဲ့အလှူလေးမှာ ပါဝင်လှူဒါန်းပေးတဲ့ အလှူရှင်တွေ ကိုလည်း ကျေးဇူးတင်ကြောင်း”အတူတကွလှူခဲ့ကြတဲ့ အလှူရှင်များနှင့် အကျိုးတော်ဆောင်ပေးကြသူများ ကိုလည်း ကျေးဇူးအထူးပဲတင်ရှိပါတယ်။ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာကြပါစေ။” ဆိုပြီး ဆုမွန်ကောင်းတွေတောင်းပေးထားခဲ့ပါသေးတယ်။

Source – Kyaw Soe Win
Credit: CeleGabar