တစ္ႏိုင္ငံလံုး စိတ္ေသာကေရာက္ေနခ်ိန္မွာ အလွပံုေတြတင္ၿပီး သာယာျပေနတဲ့သူေတြကို ဒဲ့ေဆာ္လိုက္တဲ့ ေမခလာ
“ခ်စ္ငယ္”လို႔ ပရိသတ္ေတြ ခ်စ္စနိုးနဲ႔ ေခၚၾကတဲ့ အဆိုေတာ္ ေမခလာ ကေတာ့ စတူဒီယိုေခတ္က တည္းကေန အခုခ်ိန္ထိ ေအာင္ျမင္မႈေပါင္း မ်ားစြာကို ရရွိပိုင္ဆိုင္ထားသူတစ္ေယာက္ ျဖစ္ပါတယ္။ေမခလာက သ႐ုပ္ေဆာင္ရန္ေက်ာ္နဲ႔ အတူတူ သမီးေလး တစ္ေယာက္ကို ေမြးဖြားထားၿပီး သာယာေပ်ာ္ရႊင္တဲ့မိသားစုေလးကို တည္ေဆာက္ထားၿပီး အႏုပညာအလုပ္ေတြကိုလည္း အခ်ိန္ေပးလုပ္ကိုင္ေနလ်က္ရွိတာပဲ ျဖစ္ပါတယ္။
လက္ရွိနိုင္ငံေရး အေျခအေနေတြေၾကာင့္ အႏုပညာ အလုပ္ေတြကို ရပ္နားထားတဲ့ ေမခလာဟာ အျမင္မေတာ္တာေတြ ကိုလည္း အားမနာစတမ္းေျပာဆိုေနသူတစ္ေယာက္ျဖစ္ပါတယ္။ ဒီကေန႔မွာလည္း ေမခလာက တိုင္းျပည္ပ်က္လုနီးပါးျဖစ္ေန တာေတာင္ အလွပုံအတင္မပ်က္တဲ့ လူေတြကို “ဒီအခ်ိန္မွာလွပ ကြတေတြတင္ေနတာေပ်ာ္ရဲ့လား” ဆိုၿပီး သူမရဲ့ေဖ့စ္ဘုတ္စာမ်က္ႏွာကေန ေမးခြန္းထုတ္လာခဲ့တာပဲျဖစ္ပါတယ္။
ေမခလာကေတာ့ ျပည္သူထဲကျပည္သူ တစ္ေယာက္ျဖစ္တာေၾကာင့္ အခုလို တစ္နိုင္ငံလုံးပူေဆြးေသာကေရာက္ေနခ်ိန္မွာ တိတ္ဆိတ္စြာသာေနထိုင္ေနလ်က္ရွိၿပီး အျမင္မေတာ္သူေတြကို ဒဲ့ေျပာေနတာပဲျဖစ္ပါတယ္။
Source: May KhaLar’s fb
Credit:Myanmar Celebrity
တစ်နိုင်ငံလုံး စိတ်သောကရောက်နေချိန်မှာ အလှပုံတွေတင်ပြီး သာယာပြနေတဲ့သူတွေကို ဒဲ့ဆော်လိုက်တဲ့ မေခလာ
“ချစ်ငယ်”လို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အဆိုတော် မေခလာ ကတော့ စတူဒီယိုခေတ်က တည်းကနေ အခုချိန်ထိ အောင်မြင်မှုပေါင်း များစွာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။မေခလာက သရုပ်ဆောင်ရန်ကျော်နဲ့ အတူတူ သမီးလေး တစ်ယောက်ကို မွေးဖွားထားပြီး သာယာပျော်ရွှင်တဲ့မိသားစုလေးကို တည်ဆောက်ထားပြီး အနုပညာအလုပ်တွေကိုလည်း အချိန်ပေးလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။
လက်ရှိနိုင်ငံရေး အခြေအနေတွေကြောင့် အနုပညာ အလုပ်တွေကို ရပ်နားထားတဲ့ မေခလာဟာ အမြင်မတော်တာတွေ ကိုလည်း အားမနာစတမ်းပြောဆိုနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မေခလာက တိုင်းပြည်ပျက်လုနီးပါးဖြစ်နေ တာတောင် အလှပုံအတင်မပျက်တဲ့ လူတွေကို “ဒီအချိန်မှာလှပ ကွတတွေတင်နေတာပျော်ရဲ့လား” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ မေးခွန်းထုတ်လာခဲ့တာပဲဖြစ်ပါတယ်။
မေခလာကတော့ ပြည်သူထဲကပြည်သူ တစ်ယောက်ဖြစ်တာကြောင့် အခုလို တစ်နိုင်ငံလုံးပူဆွေးသောကရောက်နေချိန်မှာ တိတ်ဆိတ်စွာသာနေထိုင်နေလျက်ရှိပြီး အမြင်မတော်သူတွေကို ဒဲ့ပြောနေတာပဲဖြစ်ပါတယ်။
Source: May KhaLar’s fb
Credit:Myanmar Celebrity