Source: Chan Chan’s fb
Credit:
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး သူမရဲ့ထင်မြင်ယူဆချက်ကို ပရိသတ်တွေအားပြောပြလာတဲ့ ချမ်းချမ်း
အဆိုတော် ချမ်းချမ်း ကတော့ နွေဦးတော်လှန်ရေး စတင်ကတည်းက အာဏာရှင်နဲ့ သူ့ရဲ့ လက်ပါးစေတွေကို ဝေဖန်ရင်း အမှန်တရားဘက်မှာ ရဲရဲဝံ့ဝံ့ရပ်တည်နေတာဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ချမ်းချမ်းက ကြည်မြင့်တိုင်၊ ပန်းပင်ကြီးလမ်းမှာ အပြစ်မဲ့ပြညသူတွေ သေဆုံးခဲ့ရတာနဲ့ ပက်သတ်ပြီး ဝဋ်ဆိုတာ လည်တတ်ကြောင်း အခုလိုပဲ ပြောလာခဲ့ပါတယ်။
ချမ်းချမ်းက ” လူရယ်လို့ဖြစ်လာရင် အသိစိတ်လေး ထိန်းချုပ်ရတယ်။ ဘယ်ဟာအမှားလဲ အမှန်လဲမခွဲခြားတတ်တာဟာ တိရိစ္ဆာန်ဆိုတဲ့ သဘောပဲ😞😞😞 ရက်စက်စွာ စစ်ကားနဲ့တိုက်သတ်တဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရတာ အခုချိန်ထိ စစ်အာဏာရှင်ကို အောက်ကျို့ကျွန်ခံချင်တဲ့ စစ်သားတချို့ ဒလန်တချို့ကြောင့် အပြစ်မဲ့ပြည်သူတွေ အသက်ပေးရပြန်ပီ🙁🙁 အခုချိန်ထိ ကြားယောင်နေတယ် ပြေးပြေးဆိုတဲ့ အသံတွေ 😢😢😢😢 ဘယ်တော့များမှပြည်သူကိုကိုယ်ချင်းစာပြီးအမှန်တရားကို လက်ကိုင်ထားတဲ့ စစ်သားတွေကို တွေ့ရပါ့မလြဲ ပည်သူကိုမကာကွယ်ပဲ ရက်စက်စွာ အဓမ္မဘက်ကရပ်တည်နေကြတဲ့ တသွေးတသံတမိန့်ကို ဘီလူးစီးသလိုမှားမှားမှန်မှန်မခွဲခြားတတ်တာ ရှက်စရာပဲ။ မင်းတို့တနေ့အလှည့်ကျမနွဲ့စတမ်းပေါ့။ ဝဋ် ဆိုတာ တလုံးထဲ ဒါပေမဲ့ ခံရအခက်ဆုံးပဲ။ အမှန်တရားအတွက် ဝဋ် ဆိုတာရှိနေတာ” ဆိုပြီး ပြောလာပါတယ်။
ချမ်းချမ် းကတော့ အမှား၊အမှန်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတဲ့ အာဏာရှင်ကို အောက်ကျို့ကျွန်ခံ ချင်တဲ့ စစ်ကျွန်တွေကို ဒဲ့ပြောရင်း အမှန်တရား အတွက် ဝဋ်ဆိုတာလည်တတ်ကြောင်း သတိပေးလာ ခဲ့တာပဲဖြစ်ပါတယ်။
Source: Chan Chan’s fb
Credit: