
Posted on





Credit

ချစ်ရတဲ့သမီးလေးနှစ်ယောက်အား KPopအဖွဲ့တစ်ခု ဖြစ်တဲ့ကမ္ဘာကျော် အဆိုတော်တွေ သီဆိုခဲ့တဲ့ရှိုးပွဲကို သိန်းပေါင်းများစွာအကုန်ခံပြီး လိုက်ပို့ပေးခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ကတော့ အနုပညာလောကမှာ နေရာတစ်နေရာ ရရှိပိုင်ဆိုင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အလှူအတန်းတွေလည်း အမြဲပြုလုပ်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကို ရရှိထားတာ ဖြစ်ပါတယ်။စမိုင်းလ် ကတော့ လက်ရှိဖြစ်ပေါ်တဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့ပြီး အဖမ်းအဆီး မျာ းတဲ့ကာလမှာတော့ မိသားစုနဲ့အတူ ပြည်ပနိုင်ငံသို့ ပြောင်းရွေ့နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

စမိုင်းလ်ရဲ့သမီးကြီးကလည်း ပြည်ပနိုင်ငံမှာပဲ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်း စတင်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေ ကိုလည်း ပရိသတ်တွေသိရှိရအောင် လူမှုကွန်ယက်ကနေ တစ်ဆင့် ဝေမျှပေးနေတာ ဖြစ်ပါတယ်။ မကြာသေးခင်က ပေါ်ရှာရဲ့ Instagram လူမှုကွန်ယက်တွင်ပုံလေးတွေ တင် ထားတာ ဖြစ်ပါတယ်။

ဒါကတော့ သိန်းပေါင်းများစွာ အကုန်ကျခံပြီး ကမ္ဘာကျော် အဆိုတော်တွေဖျော်ဖြေသော ရှိုးပွဲသို့ သမီးနှစ်ယောက်အား လိုက်ပို့ပေး ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ KPop အဖွဲ့တစ်ခု ဖြစ်တဲ့ BTS, Eh Sheeran, jingleball,lilnasx, blackeyepeas စသော ကမ္ဘာကျော်အဆိုတော်တွေ သီဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သိရှိစေဖို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit