
Posted on





Credit

လမ်းလျှောက်နေရင်း ပို့စ်တွေအပီအပြင်ပေးနေတဲ့ ထိပ်ထိပ်လေးရဲ့ အမူအရာလေးကို ဗီဒီယိုလေးခိုးရိုက်ထားတဲ့ ထွန်းအိန္ဒြာဗိုလ်ရဲ့သား အောင်ဘို

သရုပ်ဆောင် မင်းသမီးချောလေး ခိုင်သင်းကြည်ရဲ့ သမီးချောလေး စံထိပ်ထားဦး ကတော့ အနုပညာ အလုပ်တွေ လုပ်ကိုင်ရင်း ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို သိမ်းပိုက် ရရှိထားတာ ဖြစ်ပါတယ်။ ထိပ်ထိပ်လေးဟာ လတ်တလော မှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ သူမရဲ့နေအိမ်မှာဘဲ မိသားစုနဲ့အတူ အေးချမ်းစွာနေထိုင်လျက် ရှိနေတာ ဖြစ်ပါတယ်။

ထိပ်ထိပ်လေးဟာ ထွန်းအိန္ဒြာဗိုလ်ရဲ့ သားနဲ့လည်း သူငယ် ချင်းတွေ ဖြစ်ပါတယ်။ အားလပ်ရက်တွေမှာ သူငယ်ချင်းနှစ်ယောက် တွေ့ဆုံရင်း ပျော်ရွှင်စွာ ဆော့ကစားလေ့ရှိကြတာ ဖြစ်ပါတယ်။ မကြာသေးခင်က စံထိပ်ထားဦးရဲ့Instagram story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။

ဒါကတော့ လမ်းလျှောက်နေရင်း ပို့စ်တွေ အပီအပြင်ပေးနေတဲ့ ထိပ်ထိပ်လေးရဲ့ အမူအရာလေးကို ထွန်းအိန္ဒြာဗိုလ်ရဲ့သား အောင်ဘိုမှ ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် အောင်ဘိုရဲ့ Golf ရိုက်တဲ့ပုံစံကိုလည်း ဗီဒီယိုရိုက်ပေးပြီး မှတ်တမ်းတင်ပေးထား ပါသေးတယ်။ ပရိသတ်ကြီးလည်း ကြည့်ရှုခံစားနိုင်အောင် ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit