
Posted on





Credit;

သူတို့ရဲ့ အီတလီနိုင်ငံရောက် ရိုက်ကွင်းအမှတ်တရလေးကို ပရိသတ်ကြီးအားချပြလာတဲ့ ဗညားဘုန်းပြည့်နဲ့ မေတိုးခိုင်တို့ရဲ့ဗီဒီယို

ဗညားဘုန်းပြည့်လို့ ဆိုလိုက်တာနဲ့ ချစ်စရာကောင်းပြီး ချောမောတဲ့ မွန်တိုင်းရင်းသားလေးကို မြင်ယောင်မိကြ မယ်ထင်ပါတယ်နော်။ ဗညားဘုန်းပြည့်ဟာ The Model Academy ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း အနုပညာ လောကထဲကို ဝင်ရောက်လာခဲ့ကာ သရုပ်ဆောင်တစ် ယောက်အဖြစ်လည်း ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဗညားဘုန်းပြည့်က ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်နေတဲ့ တက်သစ်စသရုပ်ဆောင်ဖြစ်ပေ မယ့် ပရိသတ်တွေကတော့ သူ့ရဲ့အနုပညာကို လက်ခံပြီး အားပေးကြတာပဲဖြစ်ပါတယ်။

ဒီကနေ ့မှာတော့ ဗညားဘုန်းပြည့်ဟာ လတ်တလော ပရိသတ်တွေ စိတ်ဝင်စားမှု အများဆုံးရရှိနေတဲ့”အိမ်ထောင်” ဇာတ်လမ်းတွဲက အမှတ်တရဗီဒီယိုလေးကို မျှဝေပေးလာခဲ့ပါတယ်။ ဗညားဘုန်းပြည့်က”အိမ်ထောင်” ဇာတ်လမ်းတွဲထဲက ဩရနဲ့ ပိုးအိစိမ့်တို့ရဲ့အင်္ဂလန်နိုင်ငံရောက်ရိုက်ကွင်းပေါ်က အမှတ်တရလေး ကို ပရိသတ်တွေဆီ အခုလိုပဲ မျှဝေပေးလာခဲ့တာပဲဖြစ် ပါတယ်။

“အိမ်ထောင်” ဇာတ်လမ်းတွဲ ကတော့ တစ်နေ့ထက် တစ်နေ့ ဇာတ်ရှိန်တက် လာသလို ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိပိုင်ဆိုင် ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “အိမ်ထောင်” ဇာတ်လမ်းတွဲထဲက ဩရနဲ့ စိမ့်စိမ့်တို့ကို ဆက်လက်ပြီး အားပေးကြည့်ရှုပေး ကြပါဦးနော်။

Credit;