
Posted on





Credit;

ဒီနေ့မှာပဲ အသက်(၅၈)နှစ်ပြည့်သွားပြီဖြစ်တဲ့ ပရိသတ်တွေအသဲစွဲRock သီချင်းတွေသီဆိုတဲ့ ထိပ်တန်းအဆိုတော်ကြီး လေးဖြူ

ကိုလေးဖြူရဲ့ Rock သီချင်းတွေဟာ အခု အချိန်အထိ ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ စွဲနေသေးတဲ့ အထိ ဆယ်စုနှစ်ကြာ အောင်မြင်မှုကြီးကြီးမားမား ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့ကတော့ အဆိုတော် လေးဖြူအတွက် ရက်မြတ်မင်္ဂလာနေ့ လေးတွေထဲက တစ်နေ့ပဲ ဖြစ်ပါတယ်။

မေလ (၁၉) ရက်နေ့ဟာ အသက်တွေ သာ ကြီးလာပေမယ့် အသံပါဝါ မလျော့သွား သေးတဲ့ ကိုလေးဖြူရဲ့ (၅၈) နှစ် ပြည့် မြောက်တဲ့မွေးနေ့လေးပဲ ဖြစ်ပါတယ်။ မုန်းသူမရှိ ချစ်ခင်တဲ့သူများတဲ့ ကိုလေးဖြူ ရဲ့မွေးနေ့ကို သူ့ရဲ့ မိတ်ဆွ အပေါင်းအသင်း တွေနဲ့ ပရိသတ်တွေက မွေးနေ့ဆုမွန် ကောင်းတွေ တောင်းပေးခဲ့ကြပါတယ်။

မီဒီယာအသီးအသီး ကလည်း ကိုလေးဖြူရဲ့ မွေးနေ့ကို ဖော်ပြပြီး ဂုဏ်ပြုပေးခဲ့ကြပါ တယ်။ Happy Birthday ပါ ကိုလေးဖြူ ရေ…… ယခုမွေးနေ့ကစပြီး နောင်နှစ် ပေါင်းများစွာ တိုင် ချစ်တဲ့ခင်တဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သက်ဆုံးတိုင်နေသွားရ ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Credit;