Credit;
သိန်း၅ဝတန်ဖိုးရှိတဲ့ အဝတ်အစားတွေနဲ့ အလှူငွေတွေကို ရခိုင်ပြည်သူတွေအတွက် လှူဒါန်းမယ်ဆိုတဲ့ ဘေဘီမောင်
သရုပ်ဆောင် ဘေဘီမောင် ကတော့ ဗီဒီယိုဇာတ်ကား တွေ ရိုက်ကူးရင်းနဲ့ အောင်မြင်မှု ရရှိခဲ့သူ မင်းသမီးတစ် လက်ပဲ ဖြစ်ပါတယ်။ ဘေဘီမောင်ဟာ စိတ်ထား ကောင်းပြီး ကြင်နာတတ်သူတစ်ယောက်လည်းဖြစ်ကာ အလှူအတန်းလည်း ရက်ရောလွန်းသူတစ်ယောက်ဆို လည်း မမှားပါဘူး။ ဒီကနေ့မှာတော့ ဘေဘီမောင်က ရခိုင်ပြည်နယ်ကို လှူဒါန်းမယ့် သူမရဲ့ အလှူလေး အကြောင်းကို ပြောလာခဲ့ပါတယ်။
ဘေဘီမောင်က “ရခိုင်ပြည်နယ် မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လိုအပ်သောနေရာများ အတွက်လှူ ရန် အလှူငွေ၅သိန်းနဲ့ ဘေဘီရောင်းဖို့သိမ်းထားတဲ့စပ န့်ဝမ်းဆက်တွေ ဂါဝန်တွေ ဟူဒီအကျီး လေးတွေတန်ဖိုး သိန်း၅ဝဖိုးကို အလိုတော်ပြည့်ကျောင်းဆရာ တော်Ashin kumaraထံအားသွားရောက်လှူဒါန်းပါမယ်ရှင့်EEEE” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။
ဘေဘီမောင် ကတော့ ရခိုင်ပြည်နယ်က ပြည်သူတွေကို လှူဒါန်းဖို့ အလှူငွေ (၆) သိန်းကျပ်တိတိနဲ့ အခြား အလှူ ပစ္စည်းတွေကို သိန်း (၅၀) ဖိုး လှူဒါန်းသွားမယ်လို့ ပြော လာတာပဲ ဖြစ်ပါတယ်။
Credit;