ဘာသာစကားသံုးမ်ဳိးတတ္႐ုံသာမက အီတလီဘာသာစကားကို သူမထက္ပိုကၽြမ္းက်င္စြာေျပာႏိုင္တဲ့ သမီးႀကီးအေၾကာင္းေျပာျပလာတဲ့ ခ်မ္းခ်မ္း

Posted on

ဘာသာစကားသံုးမ်ဳိးတတ္႐ုံသာမက အီတလီဘာသာစကားကို သူမထက္ပိုကၽြမ္းက်င္စြာေျပာႏိုင္တဲ့ သမီးႀကီးအေၾကာင္းေျပာျပလာတဲ့ ခ်မ္းခ်မ္း

အဆိုေတာ္ ခ်မ္းခ်မ္း ကေတာ့ အသံပါဝါ အားေကာင္း ေကာင္းနဲ႔ သီခ်င္းေတြကို သီဆိုတတ္တဲ့ ေတးသံရွင္ တစ္ ေယာက္ပဲ ျဖစ္ပါတယ္။ ခ်မ္းခ်မ္းဟာ ခင္ပြန္းသည္နဲ႔ အတူ အီတလီနိုင္ငံမွာေနထိုင္ေန တာမို႔ သီခ်င္းသစ္ေတြ ထြက္ရွိျခင္း မရွိေတာ့ေပမယ့္ ျမန္မာနိုင္ငံအတြက္ ရန္ပုံေငြေဖ်ာ္ေျဖပြဲေတြ မွာေတာ့ သီဆိုေဖ်ာ္ေျဖေပးေနဆဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ခ်မ္းခ်မ္းက အီတလီ စကားကို ကၽြမ္းက်င္ပိုင္နိုင္စြာေျပာတတ္ေနၿပီျဖစ္တဲ့ သမီးႀကီးေလးအေၾကာင္းကို ေျပာျပလာပါတယ္။

ခ်မ္းခ်မ္းက “သမီးႀကီးေလး က စာတအားေတာ္တယ္။ သူ႔ကို အားက် လို႔ ကိုယ္လဲ အီတလီ သီခ်င္းေတြက်က္ ေနတာ – – ေနာက္တေခါက္က်ရင္ ဆိုျပမယ္ေနာ္။ Quando Quando Quando ဆိုတဲ့ သီခ်င္းေလး Tiktok ေတြ reel ေတြမွာ နာမည္ႀကီးတဲ့ အီတာလီလ်ံသီခ်င္း ေလး က်က္ေနတယ္ မမ = ဘာသာစကား၃မ်ိဳးေျပာ နိုင္လို႔ အတန္းထဲမွာ သူ႔ကို အားက်ၾကတယ္။ ဆရာမ ေတြက ခ်စ္ၾကတယ္။ ဒီေန႔သူ႔အေဒၚက သင္ထားတဲ့စာ ေတြ အိမ္စာေတြကို ျပန္ေမးေနတာ။ ေအးေဆး တည္ၿငိမ္စြာနဲ႔တစ္ခုခ်င္းစီ ကို ခ်က္က်လက္က်ေျဖနိုင္ တယ္ဗလ အိမ္စာေတြကိုေက်ာင္းကေနျပန္လာ တိုင္းမနားမေနႀကိဳးစားတတ္တဲ့ အေမ့သမီးေတြကို အားက်တယ္။ အေမ့ထက္ေနာက္က်ၿပီးမွေရာက္လာ ေပမဲ့ အခုဆို ေက်ာင္းတက္ျခင္းရဲ့ေက်းဇူးေၾကာင့္ အီတ လီဘာသာစကားကိုကၽြမ္းက်င္ေအာင္ေျပာတတ္ဖတ္ တတ္ေနၿပီးဘုရားေက်းဇူးေတာ္ေတြပါ။ အေမတ ေယာက္အေနနဲ႔ပညာေရးပဲ အေမြေပးနိုင္ေသးလို႔ အေမ့ သမီးေလးေတြ ဒီ့ထက္မက နိုင္ငံအတြက္တခ်ိန္မွာ အက်ိဳးျပဳမယ့္ မိန္းမေကာင္းေလးေတြပညာတတ္ေတြ ျဖစ္ပါေစ” ဆိုၿပီး အေဒၚျဖစ္သူနဲ႔ အီတလီစကားကို အျပန္အလွန္ေျပာေနတဲ့ သမီးႀကီးျမမိုးဂဂၤါရဲ့ ဗီဒီယို ေလးကို မၽွေဝေပးလာတာပဲျဖစ္ပါတယ္။

ခ်မ္းခ်မ္းရဲ့ သမီးေလး ကေတာ့ ခ်မ္းခ်မ္းထက္ ေနာက္က် ၿပီးမွ အီတလီနိုင္ငံကို ေရာက္ရွိလာခဲ့တယ္ ဆိုေပမယ့္ ဉာဏ္ေကာင္းၿပီး စာေတာ္တာေၾကာင့္ အခုဆိုရင္ အီတ လီနိုင္ငံရဲ့ ဘာသာ စကားကို ကၽြမ္းကၽြမ္းက်င္က်င္ေျပာ တတ္ေနၿပီပဲျဖစ္ပါတယ္။ သမီးေလး ျမမိုးဂဂၤါကေတာ့ ခ်စ္စရာလည္းေကာင္း စာလည္းေတာ္တာမို႔ ေမေမခ်မ္း ခ်မ္းအတြက္ တကယ့္ကိုအဖိုးတန္သမီးေလးပါပဲ။

Credit;

ဘာသာစကားသုံးမျိုးတတ်ရုံသာမက အီတလီဘာသာစကားကို သူမထက်ပိုကျွမ်းကျင်စွာပြောနိုင်တဲ့ သမီးကြီးအကြောင်းပြောပြလာတဲ့ ချမ်းချမ်း

အဆိုတော် ချမ်းချမ်း ကတော့ အသံပါဝါ အားကောင်း ကောင်းနဲ့ သီချင်းတွေကို သီဆိုတတ်တဲ့ တေးသံရှင် တစ် ယောက်ပဲ ဖြစ်ပါတယ်။ ချမ်းချမ်းဟာ ခင်ပွန်းသည်နဲ့ အတူ အီတလီနိုင်ငံမှာနေထိုင်နေ တာမို့ သီချင်းသစ်တွေ ထွက်ရှိခြင်း မရှိတော့ပေမယ့် မြန်မာနိုင်ငံအတွက် ရန်ပုံငွေဖျော်ဖြေပွဲတွေ မှာတော့ သီဆိုဖျော်ဖြေပေးနေဆဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချမ်းချမ်းက အီတလီ စကားကို ကျွမ်းကျင်ပိုင်နိုင်စွာပြောတတ်နေပြီဖြစ်တဲ့ သမီးကြီးလေးအကြောင်းကို ပြောပြလာပါတယ်။

ချမ်းချမ်းက “သမီးကြီးလေး က စာတအားတော်တယ်။ သူ့ကို အားကျ လို့ ကိုယ်လဲ အီတလီ သီချင်းတွေကျက် နေတာ – – နောက်တခေါက်ကျရင် ဆိုပြမယ်နော်။ Quando Quando Quando ဆိုတဲ့ သီချင်းလေး Tiktok တွေ reel တွေမှာ နာမည်ကြီးတဲ့ အီတာလီလျံသီချင်း လေး ကျက်နေတယ် မမ = ဘာသာစကား၃မျိုးပြော နိုင်လို့ အတန်းထဲမှာ သူ့ကို အားကျကြတယ်။ ဆရာမ တွေက ချစ်ကြတယ်။ ဒီနေ့သူ့အဒေါ်က သင်ထားတဲ့စာ တွေ အိမ်စာတွေကို ပြန်မေးနေတာ။ အေးဆေး တည်ငြိမ်စွာနဲ့တစ်ခုချင်းစီ ကို ချက်ကျလက်ကျဖြေနိုင် တယ်ဗလ အိမ်စာတွေကိုကျောင်းကနေပြန်လာ တိုင်းမနားမနေကြိုးစားတတ်တဲ့ အမေ့သမီးတွေကို အားကျတယ်။ အမေ့ထက်နောက်ကျပြီးမှရောက်လာ ပေမဲ့ အခုဆို ကျောင်းတက်ခြင်းရဲ့ကျေးဇူးကြောင့် အီတ လီဘာသာစကားကိုကျွမ်းကျင်အောင်ပြောတတ်ဖတ် တတ်နေပြီးဘုရားကျေးဇူးတော်တွေပါ။ အမေတ ယောက်အနေနဲ့ပညာရေးပဲ အမွေပေးနိုင်သေးလို့ အမေ့ သမီးလေးတွေ ဒီ့ထက်မက နိုင်ငံအတွက်တချိန်မှာ အကျိုးပြုမယ့် မိန်းမကောင်းလေးတွေပညာတတ်တွေ ဖြစ်ပါစေ” ဆိုပြီး အဒေါ်ဖြစ်သူနဲ့ အီတလီစကားကို အပြန်အလှန်ပြောနေတဲ့ သမီးကြီးမြမိုးဂင်္ဂါရဲ့ ဗီဒီယို လေးကို မျှဝေပေးလာတာပဲဖြစ်ပါတယ်။

ချမ်းချမ်းရဲ့ သမီးလေး ကတော့ ချမ်းချမ်းထက် နောက်ကျ ပြီးမှ အီတလီနိုင်ငံကို ရောက်ရှိလာခဲ့တယ် ဆိုပေမယ့် ဉာဏ်ကောင်းပြီး စာတော်တာကြောင့် အခုဆိုရင် အီတ လီနိုင်ငံရဲ့ ဘာသာ စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြော တတ်နေပြီပဲဖြစ်ပါတယ်။ သမီးလေး မြမိုးဂင်္ဂါကတော့ ချစ်စရာလည်းကောင်း စာလည်းတော်တာမို့ မေမေချမ်း ချမ်းအတွက် တကယ့်ကိုအဖိုးတန်သမီးလေးပါပဲ။

Credit;