
Posted on





Credit;

သူကိုယ်တိုင်ရေးဆွဲထားတဲ့ပန်းချီကားကို ဒေါ်လာ(၃၀၀)ဖြင့်ရောင်းချပြီး ရခိုင်ပြည်နယ်အတွက်လှူဒါန်းခဲ့တယ်ဆိုတဲ့ ကျားပေါက်

Big Bag အဖွဲ့ရဲ့ အဆိုရှင် တစ်ယောက်ဖြစ်တဲ့ ကျား ပေါက် ကတော့ ဖခင်ဖြစ်သူ ရင်ဂို လိုပဲ ဂီတ အနုပညာနဲ့ ပတ်သက်လာရင် ဆရာတစ်ဆူပါပဲ။ တူရိယာပေါင်းများ စွာကို ကျွမ်းကျင်စွာတီးခတ်တတ်သလို ပန်းချီကိုလည်း ကိုယ်ပိုင်ဟန်ပန်နဲ့ဆွဲတတ်တဲ့ ကျားပေါက်ဟာ အနုပညာ ကို အမှန်တကယ် ချစ်ခင်နှစ်သက်သူတစ်ယောက်လို့ဆို ရင်လည်း မမှားပါဘူး။

ကျွမ်းကျင်တတ်မြောက် ထားတဲ့ အနုပညာနဲ့ လိုအပ်တဲ့ နေရာတွေ ကို ကူညီလှူဒါန်းမှုတွေပြု လုပ်ပေးနေတဲ့ ကျား ပေါက်ဟာ ဒီတစ်ခါမှာလည်း မုန်တိုင်းဒဏ်သင့်တဲ့ ရခိုင်ပြည်နယ်အတွက် လှူဒါန်းပေးခဲ့ပါတယ်။ ကျား ပေါက်ဟာ သူ့ရဲ့လက်ရာပန်းချီကားတစ်ချပ်ကို ဒေါ်လာ (၃ဝဝ) နဲ့ ရောင်းချပြီး မုန်တိုင်းဒဏ်သင့်တဲ့ရခိုင်ပြည်နယ်အတွက် လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကျားပေါက် ကတော့ စစ်ဘေးရှောင်ပြည်သူတွေ အတွက် လည်း လှူဒါန်းမှုတွေများစွာ ပြုလုပ်ခဲ့ပြီးဖြစ်သလို ယခု အခါမှာလည်း ရခိုင်ဒေသအတွက် မြန်မာငွေ (၁၀) သိန်းနီးပါးခန့်ကို လှူဒါန်းပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Credit;