ဒီကေန႕မွာပဲ ခ်စ္သူဟန္လင္းရဲ႕လက္ထပ္ခြင့္ေတာင္းျခင္းကိုခံရလို႕ေပ်ာ္ရႊင္မဆံုးျဖစ္ေနတဲ့ မိတ္ကပ္ေမဦး
မိတ္ကပ္ပညာရွင္ ေမဦး ကေတာ့ ျမန္မာျပည္က မိတ္ကပ္ နယ္ပယ္မွာ မသိတဲ့သူ မရွိေလာက္ေအာင္ နာမည္ႀကီးေက်ာ္ၾကားသူ တစ္ေယာက္ျဖစ္ပါတယ္။ ေမ ဦးဟာ ၿပီးခဲ့တဲ့ ေႏြဦးေတာ္လွန္ေရးမွာ စစ္အာဏာရွင္ကို ဆန႔္က်င္ေတာ္လွန္ဖို႔ လြတ္ေျမာက္နယ္ေျမမွာ ခိုလႈံခဲ့ရာ ထိုကေနမွတဆင့္ တတိယနိုင္ငံကို နိုင္ငံေရးခိုလႈံခြင့္နဲ႔ ေရာက္ရွိလာခဲ့တာ တစ္ႏွစ္ေက်ာ္ေတာင္ၾကာခဲ့ၿပီျဖစ္ပါ တယ္။
အေမရိကန္ နိုင္ငံမွာေနထိုင္ရင္း ဘဝကို အစကေန ျပန္ ၿပီးႀကိဳးစားေန ရတဲ့ ေမဦးဟာ ဒီကေန႔မွာေတာ့ သူ႔ရဲ့ သတင္းေကာင္းေလး တစ္ခုကို ေဝမၽွလာပါတယ္။ ေမဦး က သူရဲ့ခ်စ္သူ ဟန္လင္းဆီကေန လက္ထပ္ခြင့္ ေတာင္းခံမႈကို လက္ခံခဲ့ၿပီး “Another chapter of our life” ဆိုၿပီး သူတို႔ႏွစ္ေယာက္ရဲ့ ေပ်ာ္စရာ အခိုက္အ တံ့ေလးကိုမၽွေဝလာပါတယ္။
ေမဦးနဲ႔ ဟန္လင္းတို႔ဟာ ခ်စ္ႀကိဳက္ေနခဲ့တာ ခ်စ္သူ သက္တမ္း (၆ )ႏွစ္ေက်ာ္ ရွိခဲ့ၿပီျဖစ္သလို လက္ရွိသူတို႔ ေနထိုင္ေနတဲ့ အေမရိကန္နိုင္ငံမွာလည္း လိင္တူခ်စ္သူ တိုင္းလက္ထပ္ခြင့္ရွိတာမို႔ သူတို႔ရဲ့ ခ်စ္သူအဆင့္ကေန ေနာက္တစ္ဆင့္တက္ဖို႔ ႀကိဳးစားခဲ့ၾကတာျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေမဦးနဲ႔ ဟန္လင္းတို႔ရဲ့ မဂၤလာ သတင္းအတြက္ ထပ္တူဝမ္းသာေနၾကမယ္ထင္ပါတယ္ ေနာ္။
Credit;
ဒီကနေ့မှာပဲ ချစ်သူဟန်လင်းရဲ့လက်ထပ်ခွင့်တောင်းခြင်းကိုခံရလို့ပျော်ရွှင်မဆုံးဖြစ်နေတဲ့ မိတ်ကပ်မေဦး
မိတ်ကပ်ပညာရှင် မေဦး ကတော့ မြန်မာပြည်က မိတ်ကပ် နယ်ပယ်မှာ မသိတဲ့သူ မရှိလောက်အောင် နာမည်ကြီးကျော်ကြားသူ တစ်ယောက်ဖြစ်ပါတယ်။ မေ ဦးဟာ ပြီးခဲ့တဲ့ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ဖို့ လွတ်မြောက်နယ်မြေမှာ ခိုလှုံခဲ့ရာ ထိုကနေမှတဆင့် တတိယနိုင်ငံကို နိုင်ငံရေးခိုလှုံခွင့်နဲ့ ရောက်ရှိလာခဲ့တာ တစ်နှစ်ကျော်တောင်ကြာခဲ့ပြီဖြစ်ပါ တယ်။
အမေရိကန် နိုင်ငံမှာနေထိုင်ရင်း ဘဝကို အစကနေ ပြန် ပြီးကြိုးစားနေ ရတဲ့ မေဦးဟာ ဒီကနေ့မှာတော့ သူ့ရဲ့ သတင်းကောင်းလေး တစ်ခုကို ဝေမျှလာပါတယ်။ မေဦး က သူရဲ့ချစ်သူ ဟန်လင်းဆီကနေ လက်ထပ်ခွင့် တောင်းခံမှုကို လက်ခံခဲ့ပြီး “Another chapter of our life” ဆိုပြီး သူတို့နှစ်ယောက်ရဲ့ ပျော်စရာ အခိုက်အ တံ့လေးကိုမျှဝေလာပါတယ်။
မေဦးနဲ့ ဟန်လင်းတို့ဟာ ချစ်ကြိုက်နေခဲ့တာ ချစ်သူ သက်တမ်း (၆ )နှစ်ကျော် ရှိခဲ့ပြီဖြစ်သလို လက်ရှိသူတို့ နေထိုင်နေတဲ့ အမေရိကန်နိုင်ငံမှာလည်း လိင်တူချစ်သူ တိုင်းလက်ထပ်ခွင့်ရှိတာမို့ သူတို့ရဲ့ ချစ်သူအဆင့်ကနေ နောက်တစ်ဆင့်တက်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေဦးနဲ့ ဟန်လင်းတို့ရဲ့ မင်္ဂလာ သတင်းအတွက် ထပ်တူဝမ်းသာနေကြမယ်ထင်ပါတယ် နော်။
Credit;