Credit;
သူမြတ်နိုးတန်ဖိုးထားရတဲ့ အနုပညာအမွေအနှစ်လေးကို မြေးမလေးအတွက်လက်ဆင့်ကမ်းအမွေပေးခဲ့တဲ့ မင်းသားကြီးဇော်ဦး
မင်းသားကြီး ဇော်ဦးကတော့ မြန်မာ့ အနုပညာလောက မှာ ထင်ရှားကျော်ကြားတဲ့ ဝါရင့်သမ္ဘာရင့် သရုပ်ဆောင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဗီဒီယို ဇာတ်ကားတွေအပြင် ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင် သရုပ်ဆောင်နေတဲ့ မင်းသားကြီး ဇော်ဦးဟာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “အိမ်ထောင်” ဇာတ်လမ်း တွဲမှာလည်း ပရိသတ်အားပေးမှုကို ရရှိနေတာပဲဖြစ်ပါ တယ်။
“အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီ ထူးချွန် ဆုကြီးကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ဦးဇော်ဦးဟာ ယခု နှစ်မှာမှ စတင်ပေးအပ်တဲ့ အကယ်ဒမီထူးချွန်ဆုရရှိပြီး သူတွေအတွက် အကယ်ဒမီပွဲတက်ရင်ထိုးကို ရရှိခဲ့ပါ တယ်။ ဦးဇော်ဦးက သူ့ရဲ့ အကယ်ဒမီရင်ထိုးနဲ့ ကြယ်တို့ ကို မြေးမလေးဆီ အမွေပေးခဲ့တယ်လို့ ဇော်ဦးရဲ့မြေးမ လေးက သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောပြလာခဲ့ပါ တယ်။
ဦးဇော်ဦး ကတော့ အနုပညာလောက မှာ ကျင်လည် ဖြတ်သန်း လာခဲ့တာ နှစ်တွေအတော်ကြာခဲ့ပြီဖြစ်ပြီး ယနေ့ထိတိုင်လည်း ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ရင်း ပရိသတ်အတွက် ပေးဆပ်နေဆဲပဲဖြစ် ပါတယ်။ မင်းသားကြီး ဦးဇော်ဦး သက်ရှည်ကျန်းမာပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit;