Credit;
ဒီကနေ့မှာပဲ အသက်(၃)နှစ်ပြည့်သွားတဲ့ ချစ်စရာကောင်းတဲ့ R ဇာနည်ရဲ့သမီးချောလေး မစ်မစ်တုန်ရဲ့ဗီဒီယိုလေး
အဆိုတော် R ဇာနည် ကတော့ နှစ်ပေါင်းနှစ်ဆယ်ကျော် တိုင် သူ့ရဲ့ သီချင်းတွေနဲ့ ပရိသတ်တွေကို ခံစားနားဆင် စေခဲ့သူဖြစ်ပါတယ်။ R ဇာနည် ဟာလည်း သူ့ရဲ့နာမည်ကြီးအဆိုတော် အဆိုတော်ဘဝကို စွန့်လွှတ်ပြီး နိုင်ငံရပ်ခြားမှာ ဘဝကို အစကနေ ပြန်ပြီး ရုန်းကန်နေတာပဲဖြစ်ပါတယ်။
ဒီကနေ့ မေလ (၁၄) ရက်နေ ့ကတော့ R ဇာနည်ရဲ့ သမီးအငယ်ဆုံးလေး မစ်မစ်တုန်ရဲ့ (၃) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ သမီးလေးမစ်မစ်တုန်ရဲ့ မွေးနေ့ အတွက် R ဇာနည်ရဲ့အမျိုးသမီး ဝမ်းက “3 နှစ်ပြည့်သွားတဲ့ သမီး လေး မစ်မစ် … အသက်ရှည် ကျန်မာ ပြီး ပညာတတ် လူ တော်လူကောင်းလေးဖြစ်ပါစေ … ဘဝ တစ်လျှောက် လုံး သူယုတ်မာနဲ့ကင်းဝေးပြီး သူတော်ကောင်းနဲ့ဘဲတွေ့ ပါစေ —— Happy Birthday Mhit Mhit အရမ်းချစ်တယ် OOO” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကနေ မွေးနေ့ဆုတောင်းပေးလာခဲ့တာပဲ ဖြစ် ပါတယ်။
R ဇာနည်ကတော့ ဖစ်ဖစ်တုန်၊ ချစ်ချစ်တုန်နဲ့ မစ်မစ်တုန် ဆိုတဲ့ သားသမီး သုံးယောက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ် ပါတယ်။ R ဇာနည်တို့ မိသားစုလေး ထာဝရပျော်ရွှင် ချမ်းမြေ့ပြီး လူမှန်နေရာမှန် အမြန်ဆုံးပြန်လည်ရောက် ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit;