Credit;
မောင်နှမနှစ်ယောက်ချစ်ခင်စွာနဲ့ တစ်ယောက်လက်တစ်ယောက်ကိုင်ကာ ဓာတ်ပုံရိုက်ခံနေကြတဲ့ မြင့်မြတ်ရဲ့သားလေးနဲ့သမီးလေး
ပရိသတ်ကြီးရေ.. မင်းသား မြင့်မြတ် ကတော့ တစ်နိုင်ငံလုံးမှာ ကြီးကြီးငယ်ငယ်မ ရွေး ကြိုက်နှစ်သက် အားပေးခြင်းခံရသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ မြင့်မြတ်ဟာ ပြီးခဲ့တဲ့ မေလ (၆)ရက်နေ့က ပဲ သူ့ရဲ့ ဒုတိယမြောက် အကယ်ဒမီထူးချွန်ဆုကြီးကို ဆွတ်ခူးရရှိခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း မြင့်မြတ်က ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူး နေလျက်ရှိပြီး အနုပညာလှုပ်ရှားမှုတွေကို တောက်လျှောက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
အနုပညာနဲ့ ပတ်သက်ပြီး အောင်မြင်မှုရရှိထား သလို သားတွေသမီးတွေနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝ လေးကို တည်ဆောက် ထားတဲ့ မြင့်မြတ်ဟာ မြတ်သူနဲ့ မေသူ ဆိုတဲ့ သားလေးနဲ့ သမီးလေးကို မွေးဖွားထားတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မြင့်မြတ်ရဲ့သားလေးနဲ့ သမီးလေးဟာ တစ်ယောက်လက်ကိုတစ်ယောက်ကိုင် ပြီး ချစ်စရာကောင်းနေကြတာမို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ် နော်။
မြင့်မြတ်ဟာ ပရိသတ်ချစ်တဲ့ မင်းသား တစ်လက်ဖြစ် တာမို့ သူ့ရဲ့သားသမီးတွေ ကိုလည်း ပရိသတ်တွေက ချစ် ပြီးသားဆိုတာ ပြောနေဖို့တောင်မလိုပါဘူးနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းကြ တဲ့ မြတ်သူနဲ့ မေသူတို့ မောင်နှမနှစ်ယောက်ရဲ့ ပုံရိပ် လေးကိုကြည့်ပြီးသဘောကျကြမယ် ထင်ပါတယ်။
Credit;