
Posted on





Credit;

စိတ်ဆိုးနေတဲ့ ချစ်ဇနီးလေးကိုသိန်းပေါင်းများစွာပါတဲ့ ပိုက်ဆံအုပ်လိုက်ကြီးနဲ့အတူ ချော့လိုက်တဲ့ ပိုးကြာဖြူခင်ရဲ့ခင်ပွန်း

သရုပ်ဆောင် ပိုးကြာဖြူခင် ကတော့ ပြီးခဲ့တဲ့ဧပြီလ အတွင်းကပဲ လက်ထပ်ခဲ့ပြီး အိမ်ထောင်ရှင်မ တစ် ယောက် အဖြစ် ရပ်တည်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ဟာ သူမရဲ့အိမ်ထောင်ဖက်ကို ကလေးသုံး ယောက်အမေ မုဆိုးဖို လူချမ်းသာတစ်ယောက်ကို ရွေးချယ်ခဲ့ပြီး မကြာခင်မှာပဲ ခင်ပွန်းဖြစ်သူနဲ့အတူတူ မန္တလေးမြို့မှာ စိန်ဆိုင်ကြီးဖွင့်လှစ်ဖို့ ပြင်ဆင်နေလျက်ရှိ တာပဲဖြစ်ပါတယ်။

ကြင်စဦးဇနီးမောင်နှံ ဘဝကို ဖြတ်သန်းနေတဲ့ ပိုးကြာဖြူ ခင်ဟာ သူမကို ယုံကြည်မှုမပေးတဲ့ ခင်ပွန်းကြောင့် စိတ်ဆိုးခဲ့ရပြီး သူမရဲ့ ခံစားချက်ကိုလည်း လူသိရှင်ကြား မျှဝေခဲ့ပါတယ်။ ဒါပေမယ့်လည်း ပိုးကြာဖြူခင်ရဲ့ ခင်ပွန်းက စိတ်ဆိုးနေတဲ့ ချစ်ဇနီးလေးကို ပန်းစည်း အကြီးကြီးနဲ့အတူ ပိုက်ဆံတွေအစည်းလိုက်ပေးပြီး စိတ်ဆိုးပြေအောင်ချော့ခဲ့တယ်လို့ ပိုးကြာဖြူခင်က သူမ ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပြောပြလာခဲ့ပါတယ်။

ပိုးကြာဖြူခင် ကတော့ သူမရဲ့ ခင်ပွန်းဆီက ချစ်ခြင်း မေတ္တာတွေကြောင့် စိတ်ချမ်းသာပျော်ရွှင်နေ ရတာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ရဲ့ အိမ်ထောင်ရေးကတော့ ငွေကြေးချမ်းသာပြည့်စုံမှုကြောင့် လိုလေသေးမရှိ ပြီးပြည့်စုံနေရတာပဲ ဖြစ်ပါတယ်နော်။

Credit;