သူ႕နာမည္ေရးၿပီးတက္တူးထိုးၾကတဲ့ သူေတြကိုေနာက္မလုပ္ဖို႕ သတိေပးလာတဲ့ မင္းသားေခ်ာေဇရဲထက္
ပရိသတ္ႀကီးေရ မင္းသားေခ်ာ ရဲထက္ ကေတာ့ ဗီဒီယို ဇာတ္ကားေတြနဲ႔ အေအာင္ျမင္ ဆုံးျဖစ္ခဲ့တဲ့ မင္းသား တစ္လက္ပါပဲ။ ေဇရဲထက္ဟာ ေနာက္ပိုင္းမွာေတာ့ ဇာတ္ကားေတြ မရိုက္ကူးျဖစ္သလို အႏုပညာအလုပ္ေတြနဲ႔လည္း ေတာ္ေတာ္ေလး အလွမ္းေဝးသြားခဲ့တာပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပရိသတ္ေတြကေတာ့ ေဇရဲထက္ကို မေမ့မေလ်ာ့ပဲ ယေန႔အခ်ိန္ထိ အားေပးခ်စ္ခင္ေနၾကဆဲပဲ ျဖစ္ပါတယ္
ဒီကေန႔ မွာေတာ့ ေဇရဲထက္က သူ႔ရဲ့နာမည္ကို ေ သ ရာ ပါ တက္တူးထိုးေပးတဲ့ ပရိသတ္ တစ္ေယာက္ရဲ့ ဓာတ္ပုံ ေလးကို ဝမ္းသာစြာျပသရင္း “က်ေနာ့္ကို ခ်စ္ခင္ အားေပးတာ က်ေနာ္အတိုင္းမသိဝမ္းသာသလို အသိအမွတ္ျပဳ႐ုံမက တန္ဖိုးထားပါတယ္။ အခုလို အသားနာခံၿပီး က်ေနာ့္နာမည္ထိုးတဲ့အထိေတာ့ က်ေနာ္ လက္မခံပါရေစနဲ႔။ ဘဝမွာအေရးႀကီးဆုံးက မိသားစုမို႔ ပါ။ က်ေနာ့္ကိုတန္ဖိုးထားရင္ မိသားစုကိုတန္ဖိုးထားရင္ ရပါၿပီဗ်ာ” ဆိုၿပီး ေနာက္ထပ္ထပ္မထိုးၾကဖို႔ကိုပါ ေမတၱာရပ္ခံလာပါတယ္။
အားေပးၾကတဲ့ ပရိသတ္ေတြက ေဇရဲထက္ရဲ့နာမည္ကို တစ္သက္လုံးစာ အတြက္ တက္တူးေတြထိုးၿပီး သူတို႔ရဲ့ ခ်စ္ခင္မႈကို ေဖာ္ျပေပမယ့္ ေဇရဲထက္ကေတာ့ သူ႔အေန နဲ႔ အဲ့လိုအရာမ်ိဳးေတြကို ထပ္ၿပီး လက္မခံပါရေစနဲ႔ေတာ့ လို႔ ယဥ္ယဥ္ေက်းေက်းေလးေျပာလာခဲ့တာပဲျဖစ္ပါ တယ္။
Credit;
သူ့နာမည်ရေးပြီးတက်တူးထိုးကြတဲ့ သူတွေကိုနောက်မလုပ်ဖို့ သတိပေးလာတဲ့ မင်းသားချောဇေရဲထက်
ပရိသတ်ကြီးရေ မင်းသားချော ရဲထက် ကတော့ ဗီဒီယို ဇာတ်ကားတွေနဲ့ အအောင်မြင် ဆုံးဖြစ်ခဲ့တဲ့ မင်းသား တစ်လက်ပါပဲ။ ဇေရဲထက်ဟာ နောက်ပိုင်းမှာတော့ ဇာတ်ကားတွေ မရိုက်ကူးဖြစ်သလို အနုပညာအလုပ်တွေနဲ့လည်း တော်တော်လေး အလှမ်းဝေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေကတော့ ဇေရဲထက်ကို မမေ့မလျော့ပဲ ယနေ့အချိန်ထိ အားပေးချစ်ခင်နေကြဆဲပဲ ဖြစ်ပါတယ်
ဒီကနေ့ မှာတော့ ဇေရဲထက်က သူ့ရဲ့နာမည်ကို ေ သ ရာ ပါ တက်တူးထိုးပေးတဲ့ ပရိသတ် တစ်ယောက်ရဲ့ ဓာတ်ပုံ လေးကို ဝမ်းသာစွာပြသရင်း “ကျနော့်ကို ချစ်ခင် အားပေးတာ ကျနော်အတိုင်းမသိဝမ်းသာသလို အသိအမှတ်ပြုရုံမက တန်ဖိုးထားပါတယ်။ အခုလို အသားနာခံပြီး ကျနော့်နာမည်ထိုးတဲ့အထိတော့ ကျနော် လက်မခံပါရစေနဲ့။ ဘဝမှာအရေးကြီးဆုံးက မိသားစုမို့ ပါ။ ကျနော့်ကိုတန်ဖိုးထားရင် မိသားစုကိုတန်ဖိုးထားရင် ရပါပြီဗျာ” ဆိုပြီး နောက်ထပ်ထပ်မထိုးကြဖို့ကိုပါ မေတ္တာရပ်ခံလာပါတယ်။
အားပေးကြတဲ့ ပရိသတ်တွေက ဇေရဲထက်ရဲ့နာမည်ကို တစ်သက်လုံးစာ အတွက် တက်တူးတွေထိုးပြီး သူတို့ရဲ့ ချစ်ခင်မှုကို ဖော်ပြပေမယ့် ဇေရဲထက်ကတော့ သူ့အနေ နဲ့ အဲ့လိုအရာမျိုးတွေကို ထပ်ပြီး လက်မခံပါရစေနဲ့တော့ လို့ ယဉ်ယဉ်ကျေးကျေးလေးပြောလာခဲ့တာပဲဖြစ်ပါ တယ်။
Credit;