
Posted on





Credit;

အကယ်ဒမီပေးပွဲမှာ လူမင်း ပြေတီဦး အိန္ဒြာကျော်ဇင်တို့ကို မနှုတ်ဆက်ခဲ့တဲ့ အကြောင်းကိုပရိသတ်ကြီးအားပြောပြလာတဲ့ စိုးမြတ်သူဇာ

ပရိတ်သတ်ကြီးရေ စိုးမြတ်သူဇာ ကတော့ အကယ်ဒမီဆုပေးပွဲနေ့ မှ တွေ့လိုက် ရတဲ့ လူမင်း ပြေတီဦး အိန္ဒြာကျော်ဇင် တို့ကို ” နှုတ်ဆက်ချင်ခဲ့ပေမဲ့ ကွင်းရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ် ဖြစ်နေ တာကြောင့် သွားမတွေ့ခဲ့ရဘူး ကိုယ်ဝတ်လာတာလဲ ဟိုတွဲ လောင်း ဒီတွဲလောင်းနဲ့ ပြတ်ကျတဲ့ဟာကပြတ်ကျနဲ့ ကိုယ်ကလဲ စင်ပေါ် တက်ရအုံးမှာ ဆိုတော့လေ သူတို့ဆီ သွားတာနဲ့ လမ်းမှာ အကုန်ပြတ်ကျကုန်လို့ စင်ပေါ်တက်မှ စာကလေး အမွှေးနုတ် ထားသလို ဖြစ်မှာစိုးလို့ မသွားလိုက်ရဘူး ” လို့ ဆိုပါတယ်။

အန်ကယ်လေး လူမင်းဆိုလဲ ခန့်ချောကြီး တီတီဆိုလဲ ပိုချောလာ တယ် အူဝဲလေးဆိုလဲ ပိုလှလာတယ်။ ခုလို အနုပညာရှင်တွေကို ပြန်တွေ့ရတာ မကြီး သိပ်ဝမ်းသာတယ်။

စိုးပြည့်လေး ဆိုလဲ လှလိုက်တာ ကိုယ့်ညီမ ဆိုပေမဲ့ ကိုယ့်သမီး လေးလိုပါပဲ တစ်ခါမှ မဆူမငေါက်ဖူးဘူး ရန်ဖြစ်ဖို့ဆိုဝေး ဆုရ တော့လဲ ကျေးဇူးတင်စကား အပြည့်အစုံပြောသွားတာ ကြည့်ပြီး လိမ္မာလိုက်တာလို့ တွေးနေမိသေးတယ်” ဆိုပြီး ပြောလာပါတယ် ပရိတ်သတ်ကြီးရေ

Credit;