Credit;
ဂါဝန်လှလှလေးဝတ်ပြီး ဘိုမရုပ်လေးတစ်ရုပ်လိုလှပနေတဲ့ သမီးကြီးပေါ်ရှာကို ကြည့်ပြီးချစ်မဝဖြစ်နေတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ
ပရိသတ်ကြီးရေ.. သရုပ်ဆောင် စမို င်းလ်ကတော့ သွားတက်ကလေးနဲ့ ချစ်စရာကောင်းတဲ့ ရုပ်ရည်ကြောင့် တစ်ခေတ် တစ်ခါက အောင်မြင် ကျော်ကြားခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။အိမ်ထောင်ကျပြီးနောက်ပိုင်း ခင်ပွန်းဖြစ်သူနဲ့ နိုင်ငံရပ် ခြားကိုထွက်သွားခဲ့ပြီး မြန်မာပြည်ပြန်ရောက်လာချိန်မှာ အတော်လေးချမ်းသာကြွယ်ဝလာခဲ့တဲ့ စမိုင်းလ်ဟာ ပရိသတ်တွေနဲ့လည်း နီးနီးကပ်ကပ်ထိတွေ့ခဲ့တာပဲဖြစ် ပါတယ်။
လက်ရှိမှာတော့ အမေရိကန်နိုင်ငံမှာ ဇိမ်ခံအိမ်ကြီးကို ဝယ်ယူပြီး မိသားစုလိုက် အခြေချနေထိုင်နေလျက်ရှိတဲ့ စမိုင်းလ်ဟာ ဒီကနေ့မှာတော့ သူမရဲ့ သမီးကြီးပေါ်ရှာရဲ့ ပုံရိပ်တွေကို မျှဝေလာပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံ ဟာ ကျောင်းက ပွဲသွားဖို့ အလှပဆုံးပြင်ဆင်ခြယ်သထား တဲ့ ချစ်သမီးပေါ်ရှာကို ချစ်လို့မဝနိုင်အောင်ဖြစ်နေတာ ကို ပရိသတ်တွေအတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော်။
စမိုင်းလ်တို့မိသားစု ကတော့ အမေရိကန်နိုင်ငံလိုနေရာ မျိုးမှာလည်း သူကြွယ်သူဌေးတွေနဲ့ အပြိုင် နေထိုင်နိုင်တဲ့ အဆင့်အတန်းမျိုးရှိပြီး သမီးလေးတွေ ကိုလည်း အဆင့် တန်းမြင့်မြင့် ထားနိုင်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့သမီးကြီးပေါ်ရှာရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါ တယ်နော်။
Credit;