Credit;
သူမရဲ့ကံတရားဟာ ပြည့်စုံတယ်ဆိုတာထက်ပိုပြီး စုဆောင်းနိုင်တဲ့အဆင့်ကိုဘယ်အထိရောက်နေပြီလည်းဆိုတာ ပုံနှင့်တကွသက်သေပြလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်
သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ် ကတော့ ရုပ်ရှင်ဇာတ်ကား ကြီးတွေနဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ဇာတ်ပို့တစ်ယောက် အဖြစ် ပါဝင်သရုပ်ဆောင်ရင်းနဲ့ ပရိသတ် အားပေးမှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ဟာ ဇာတ်ပို့ သရုပ်ဆောင်ဖြစ်စဉ်က ငွေရေးကြေးရေးခက်ခဲမှုတွေရှိ ခဲ့ပြီး သူမအနေနဲ့ အကြွေးတွေအများကြီးလည်းရှိခဲ့ တယ်လို့ ပွင့်ပွင့်လင်းလင်းပြောခဲ့တာပဲဖြစ်ပါတယ်။ ဒါ ပေမယ့် လက်ရှိအချိန်မှာတော့ နှိုင်းယှဉ်မြင့်မိုရ်ဟာ Live Sale တွေလက်မလည်အောင်ရောင်းနေရသူတစ် ယောက်ဖြစ်ပြီး အတိုင်းအတာတစ်ခုထိ အဆင်ပြေလာ ကာ ငွေရေးကြေးရေးလည်းပြည့်စုံခဲ့ပြီဖြစ်ပါတယ်။
ငွေရေးကြေးရေး အဆင်ပြေချောင်လည်လာတာ နဲ့အမျှ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်တိုက်ခန်း၊ ကိုယ်ပိုင်ကား စသည်ဖြင့် ပြည့်ပြည့်စုံစုံဖြစ် လာခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ် ဟာ ဒီကနေ့မှာလည်း ခြံဝန်းလေးတစ်ခုကို ထပ်မံ ဝယ်ယူနိုင်ခဲ့ပြီလို့ ပြောလာပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်က သူမဝယ်ယူလိုက်တဲ့ ခြံလေးရဲ့ပုံကိုတင်ပြီး “ကျွန်မဘဝရဲ့ မှတ်တိုင် လ ၂ လ ည ” ဆိုပြီးပြောလာခဲ့ပါတယ်။
နှိုင်းယှဉ်မြင့်မိုရ် ကတော့ သူမအနေနဲ့ တချိန်က ခက်ခဲ ပင်ပန်းခဲ့ ပေမယ့် အခုဆိုရင် သူမရဲ့ ကံတရားကြောင့်ပဲ ပြည့်စုံတယ် ဆိုတာထက်ပိုလျှံပြီး စုဆောင်းနိုင်တဲ့ အထိ ကို ဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ် တစ် ယောက် ဒီထက်ကမ လုပ်ငန်းတွေမှာ အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်နော်။
Credit;