Credit;
အကယ်ဒမီပေးပွဲတက်ရောက်လာတဲ့ဇနီးဖြစ်သူကို ဝေဖန်နေကြတဲ့ဗီဒီယိုနဲ့ပတ်သက်ပြီး ပြတ်သားစွာပြန်လည်တုံ့ပြန်လိုက်တဲ့ ပိုးကြာဖြူခင်ရဲ့ခင်ပွန်း
သရုပ်ဆောင် ပိုးကြာဖြူခင် ကတော့ ချစ်စရာကောင်းပြီး အနေအထိုင်အေးဆေးတည်ငြိမ်တာကြောင့် ပရိသတ် တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါ တယ်။ ပိုးကြာဖြူခင်ဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းကပဲ လက်ထပ်ခဲ့ပြီး အခုဆိုရင် သူမရဲ့ ကြင်စဦး အိမ်ထောင်သည်ဘဝကို ဖြတ်သန်းနေတာပဲ ဖြစ်ပါ တယ်။ မနေ့က မေလ (၆) ရက်နေ့မှာတော့ ပိုးကြာဖြူ ခင်ဟာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအခမ်းအနားကို ခင်ပွန်း ဖြစ်သူနဲ့အတူ တက်ရောက်ခဲ့ရာ သူမရဲ့ခင်ပွန်းလက်ကိုမ ကိုင်ပဲ တစ်ယောက်တည်းခပ်သွက်သွက်လျှောက်လာခဲ့ တဲ့ ဗီဒီယိုအတိုလေးတစ်ခုကြောင့် ဝေဖန်မှုတွေရရှိနေ တာပဲဖြစ်ပါတယ်။
အဆိုပါဗီဒီယိုနဲ ့ပတ်သက်ပြီး ပိုးကြာဖြူခင်ရဲ့ခင်ပွန်းက “ရီလည်းရီတယ်လက်လည် းတွဲတယ်အဲတာကိုဘာဖြစ်နေကြတာလဲ တက်လာတဲ့ Tik Tok လားဘာလား.. ဘယ်က တင်လိုက်မှန်းမသိတဲ့ ဟာကလည်း ပွဲချိန်မှာ ရိုက်ထားတဲ့ဟာမဟုတ်ဘူး။ ပွဲမစခင် နေပူကြဲတဲညနေ ၄ နာရီ အချိန် MRTV-4 က ရိုက်ကူးရေး ကြိုလုပ်ရတဲ့ အချိန် ဘယ်မှာရိုက်ရမယ် ဘာလုပ်ရမယ်ဆိုတာကို မသိ လို့ တာဝန်ရှိတဲ့လူကို မေးဖို့ သူအရှေ့ကနေ အမြန် လျှောက်သွားတာ။ တကယ် ပွဲထဲပြန်ဝင်တော့ အချိန်က ညနေ ၆ နာရီခွဲမှ အဲ့ပွဲချိန်ကျ တလမ်းလုံး အစဆုံး လက်တွဲဝင်လာတယ်ဟေ့ ” တို့တွေ ဘာအင်တာဗျူးမှ မဖြေလို့ ရှိသမျှ ကင်မရာထဲ မပါတာပဲ ရှိမယ် တပွဲလုံး ပူးနေတာ ရှိတဲ့လူတိုင်းအကုန်မြင်တယ် ဟုတ်ပြီလား” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောခဲ့ပါတယ်
ပိုးကြာဖြူခင် ကလည်း သူမရဲ့ အမျိုးသား ရေးသားထား တဲ့ Status ကို သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ပြန် Share ပြီး “ငါ့ယောက်ကျားပြောတဲ့တိုင်းပဲ ” ” ဆိုပြီး တုံ့ပြန်ခဲ့ ပါတယ်။ ပိုးကြာခင်တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ ရိုက်ကူးရေးလုပ်တဲ့အချိန်ကလွဲပြီး ပွဲချိန်တလျှောက်လုံး အတူတူ တွဲပြီးရှိနေတာပဲဖြစ်ပါတယ်။
Credit;