ဘုရားသြားတာ ဦးသံုးႀကိမ္ခ်ၿပီး သူေတာင္းစားေတြပဲပိုက္ဆံလွဴခဲ့တယ္ဆိုၿပီး ေျပာျပလာတဲ့ အဆိုေတာ္ထူးအယ္လင္း

Posted on

ဘုရားသြားတာ ဦးသံုးႀကိမ္ခ်ၿပီး သူေတာင္းစားေတြပဲပိုက္ဆံလွဴခဲ့တယ္ဆိုၿပီး ေျပာျပလာတဲ့ အဆိုေတာ္ထူးအယ္လင္း

အဆိုေတာ္ ထူးအယ္လင္း ကေတာ့ ပရိသတ္ေတြရဲ့ခံစား ခ်က္နဲ႔ ကိုက္ညီတဲ့ သီခ်င္းေကာင္းေတြ ကို သီဆိုတတ္တဲ့ ေတးသံရွင္ တစ္ေယာက္ပါပဲ။ ထူးအယ္လင္းဟာ အခုဆို ရင္ သူ႔ရဲ့ ဂီတလုပ္ငန္းဘက္ကိုလည္း အားသြန္ခြန္စိုက္ လုပ္ကိုင္ေနသလို ပရဟိတအလုပ္ေတြကိုလည္း အခ်ိန္ ေပးလုပ္ကိုင္ေနလ်က္ရွိတာပဲ ျဖစ္ပါတယ္။ မေန႔က ကဆုန္လျပည့္ေန႔မွာေတာ့ ထူးအယ္လင္းဟာ အခါႀကီးရက္ႀကီးျဖစ္တဲ့အေလ်ာက္ ဘုရားသြားခဲ့ရာ ဘုရားမွာ ေရႊသကၤန္းမကပ္ ေရသမပၸာယ္ပဲ သူေတာင္းစားေတြကိုပဲ ပိုက္ဆံထည့္ေပးျဖစ္တယ္လို႔ ဆိုပါတယ္။

ထူးအယ္လင္းက “ဘုရားမွာ လူ စည္တယ္။ သူေတာင္းစား ေတြလည္း အမ်ားႀကီးပဲ ဆိုေတာ့ ကၽြန္ေတာ္ ဘုရားကို ကန္ေတာ့တယ္။ ၿပီးေနာက္ ဘုရား ဝန္းတဝိုင္းလုံးမွာရွိတဲ့ေတာင္းစားေနရတဲ့ သူေတြ ကေလး လူႀကီးမေရြး ခြက္ထိုးခံတိုင္း တစ္ဦးကို ၅ဝဝဝ ထည့္ေပးခဲ့တယ္။ ကၽြန္ေတာ္ ေညာင္ေရမသြန္းခဲ့မိဘူး အဲ့ ဘုရားမွာ ဘုရားေရႊမကပ္ခဲ့မိဘူး ။ အလႈမထည့္မိခဲ့ ဘူး။ ကၽြန္ေတာ္ဗုဒၶဘာသာပါ..ေဆာရီးဗ်ာ” ဆိုၿပီး ေျပာ လာခဲ့ပါတယ္။

ထူးအယ္လင္း ကေတာ့ ဘုရားကိုေရႊသကၤန္းကပ္အလႉ ထည့္တာ ထက္ မ်က္စိေရွ႕မွာ ဒုကၡေရာက္ေန တာျမင္တဲ့ သူေတာင္းစားေတြ ကိုပဲ ပိုက္ဆံတစ္ေယာက္ (၅၀၀၀) စီ ထည့္ေပးၿပီး ကဆုန္လျပည့္ေန႔ေလးကို အက်ိဳးရွိရွိ ျဖတ္သန္းခဲ့တာပဲျဖစ္ပါတယ္။

Credit;

ဘုရားသွားတာ ဦးသုံးကြိမ်ချပြီး သူတောင်းစားတွေပဲပိုက်ဆံလှူခဲ့တယ်ဆိုပြီး ပြောပြလာတဲ့ အဆိုတော်ထူးအယ်လင်း

အဆိုတော် ထူးအယ်လင်း ကတော့ ပရိသတ်တွေရဲ့ခံစား ချက်နဲ့ ကိုက်ညီတဲ့ သီချင်းကောင်းတွေ ကို သီဆိုတတ်တဲ့ တေးသံရှင် တစ်ယောက်ပါပဲ။ ထူးအယ်လင်းဟာ အခုဆို ရင် သူ့ရဲ့ ဂီတလုပ်ငန်းဘက်ကိုလည်း အားသွန်ခွန်စိုက် လုပ်ကိုင်နေသလို ပရဟိတအလုပ်တွေကိုလည်း အချိန် ပေးလုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ မနေ့က ကဆုန်လပြည့်နေ့မှာတော့ ထူးအယ်လင်းဟာ အခါကြီးရက်ကြီးဖြစ်တဲ့အလျောက် ဘုရားသွားခဲ့ရာ ဘုရားမှာ ရွှေသင်္ကန်းမကပ် ရေသမပ္ပာယ်ပဲ သူတောင်းစားတွေကိုပဲ ပိုက်ဆံထည့်ပေးဖြစ်တယ်လို့ ဆိုပါတယ်။

ထူးအယ်လင်းက “ဘုရားမှာ လူ စည်တယ်။ သူတောင်းစား တွေလည်း အများကြီးပဲ ဆိုတော့ ကျွန်တော် ဘုရားကို ကန်တော့တယ်။ ပြီးနောက် ဘုရား ဝန်းတဝိုင်းလုံးမှာရှိတဲ့တောင်းစားနေရတဲ့ သူတွေ ကလေး လူကြီးမရွေး ခွက်ထိုးခံတိုင်း တစ်ဦးကို ၅ဝဝဝ ထည့်ပေးခဲ့တယ်။ ကျွန်တော် ညောင်ရေမသွန်းခဲ့မိဘူး အဲ့ ဘုရားမှာ ဘုရားရွှေမကပ်ခဲ့မိဘူး ။ အလှုမထည့်မိခဲ့ ဘူး။ ကျွန်တော်ဗုဒ္ဓဘာသာပါ..ဆောရီးဗျာ” ဆိုပြီး ပြော လာခဲ့ပါတယ်။

ထူးအယ်လင်း ကတော့ ဘုရားကိုရွှေသင်္ကန်းကပ်အလှူ ထည့်တာ ထက် မျက်စိရှေ့မှာ ဒုက္ခရောက်နေ တာမြင်တဲ့ သူတောင်းစားတွေ ကိုပဲ ပိုက်ဆံတစ်ယောက် (၅၀၀၀) စီ ထည့်ပေးပြီး ကဆုန်လပြည့်နေ့လေးကို အကျိုးရှိရှိ ဖြတ်သန်းခဲ့တာပဲဖြစ်ပါတယ်။

Credit;