သူမရဲ့ရေမွှေးကြော်ငြာလေးကို ဒါရိုက်တာအောင်ကိုလတ်နဲ့ရိုက်ကူးနေပြီဖြစ်ကြောင်း ပုံနှင့်တကွပြသလိုက်တဲ့ မင်းသမီးအိန္ဒြာကျော်ဇင်
Credit;
သူမရဲ့ရေမွှေးကြော်ငြာလေးကို ဒါရိုက်တာအောင်ကိုလတ်နဲ့ရိုက်ကူးနေပြီဖြစ်ကြောင်း ပုုံနှင့်တကွပြသလိုက်တဲ့ မင်းသမီးအိန္ဒြာကျော်ဇင်
နိုင်ငံကျော်ထိပ်တန်း မင်းသမီးတစ်လက်ဖြစ်တဲ့ အိန္ဒြာ ကျော်ဇင်ကတော့ အကယ်ဒမီဆုတွေ များစွာ ရရှိထား သလို ပရိသတ်တွေရဲ့အားပေးမှုကိုလည်း နှစ်ပေါင်းများ စွာ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော် ဇင်ဟာ ပြီးခဲ့တဲ့နှစ်တွေက နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းချမှတ်ခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။ လွတ်မြောက်လာပြီးနောက်ပိုင်း တစ်နှစ်ကျော်ကြာ အနားယူနေတဲ့ အိန္ဒြာကျော်ဇင်ဟာ လတ်တလောမှာ တော့ အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းစီ ပြန်လည်လုပ်ကိုင်နေပြီပဲဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင် က Eaindra Kyaw Zin Merchandise ဆို ပြီး အီတလီနိုင်ငံ ထုတ်ရေမွှေးတွေကို ကိုယ်တိုင် ထုတ်လုပ်ရောင်းချနေတာပဲဖြစ်ပါတယ်။ လတ်တလော မှာတော့ အိန္ဒြာကျော်ဇင်က သူမရဲ့ Eaindra Kyaw Zin Merchandise ရေမွှေးတွေဖြစ်တဲ့ GIORGIO နဲ့ FASCINO ရေမွှေးအတွက် ဒါရိုက်တာအောင်ကိုလတ်နဲ့ ကြော်ငြာရိုက်ကူးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင် ကတော့ အချိန်တွေအကြာကြီးနေမှ ပရိသတ်တွေ ဆီကို အသစ် အသစ်သော အနုပညာ လှုပ်ရှားမှုတွေနဲ့ ပြန်လည်ပေါ်ထွက်လာခဲ့ပြီပဲ ဖြစ်ပါ တယ်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ရဲ့ကြော်ငြာ အသစ်တွေကို အားပေးစောင့်ကြည့်ပေးကြပါဦးနော်။
Credit;