
Posted on





Credit;

အရှေ့တောင်အာရှမှာ အချွဲဆုံးလူသားလေးဆိုပြီး သူမရဲ့အချစ်ဆုံးသားလေးကိုပြသလာတဲ့ မင်းသမီးခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ အနုပညာနဲ့ပတ်သက် ပြီးရင် အောင်မြင်မှုတွေ ရရှိထားသလို သူမရဲ့ သူတစ်ပါး အပေါ်ကူညီတတ်တဲ့ စိတ်ထားကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ပရဟိတအလုပ်တွေကိုလည်း တက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ ခိုင်နှင်းဝေဟာ မိဘမဲ့ဂေဟာတစ်ခုကို လည်း ဖွင့်လှစ်ထားပြီး ကလေးတွေကို မိခင်ရင်းသဖွယ် ရင်အုပ်မကွာစောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ ခိုင်နှင်းဝေက သူမတို့ဂေဟာတစ်ခုလုံးရဲ့ အချစ်တော်ဖြစ်တဲ့ သားလေးမောင်အာကြီးရဲ့ ပုံရိပ်လေး တွေကို မျှဝေလာပါတယ်။ ခိုင်နှင်းဝေက မောင်အာကြီး ကို “အရှေ့တောင် အာရှ မှ အချွဲဆုံး လူသားလေး 0…” ဆိုပြီး အရမ်းချွဲတဲ့ သားလေးအကြောင်းကို ပြောလာခဲ့ တာပဲ ဖြစ်ပါတယ်။

မောင်အာကြီး ကတော့ မွေးရာပါ နှုတ်ခမ်းမရှိ အာခေါင် ကွဲခဲ့တာဖြစ်ပြီး ခိုင်နှင်းဝေက ခေါ်ယူမွေးစားပြီး ဆေးကု သပေးထားတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ ကလေး တွေကတော့ ခိုင်နှင်းဝေလို လူမျိုးနဲ့ဆုံတွေ့ခဲ့တာ အဆိုး ထဲက အကောင်းလို့ ဆိုနိုင်ပါတယ်နော်။

Credit;