ထိုင်းသံအမတ်ကြီးမှ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာသို့ အလှူငွေ များ၊ ပစ္စည်းများ လာရောက်ပေးအပ်လှူဒါန်း

Posted on

ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေကို ရပ်နားထားကာ ပရဟိတအလုပ်တွေကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်နေသူ တစ်ယောက်ပါ။ အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ ကလေးငယ်တွေကို လက်လှမ်းမှီသလောက် ကူညီစောင့်ရှောက် ပေးနေတဲ့ ခိုင်နှင်းဝေဟာ အများက လေးစား အချစ်ပိုနေရတဲ့ မင်းသမီး တစ်ယောက်လည်း ဖြစ်ပါတယ်။

သူမရဲ့ ခိုင်နှင်းဝေ ဂေဟာကိုလည်း (၇) ရက်သားသမီး အလှူရှင်များစွာကလည်း တတ်နိုင် သလောက် အလှူငွေများ ထည့်ကူပေးလျက်ရှိတာကိုလည်း ကြည်နူးပီတိဖြစ်စွာ တွေ့ရပါတယ်။

အခုလည်း ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs. Suphatra Srimaitreephithak မက ကလေးတွေ အတွက် မေတ္တာလက်ဆောင်များနဲ့ အတူ ငွေ ကျပ် သိန်း ၂၀ ခန့်ကို လာရောက် လှူဒါန်းပေးကြောင်းဝေမျှလာပါတယ်။

အလှူပုံတွေနဲ့ အတူ ” ထိုင်းနိုင်ငံ သံ အမတ်ကြီး Mrs. Suphatra Srimaitreephithak မှ ကလေးတွေ အတွက် မေတ္တာလက်ဆောင်များ (တန်ဘိုးငွေ ကျပ် သိန်း ၂၀ ခန့်) ကို လာရောက် လှူဒါန်းပေးပါတယ်ရှင်…လိုအပ်တာများ အတွက် ဆက်သွယ်ရန် ပြောပြီး အားပေးစကားများ ပြောကြားပေးသွားတဲ့ အတွက်လဲ ကျေးဇူးအထူး တင်ရှိပါတယ်..ကလေးတွေကို ချစ်ပေးကြတဲ့ အတွက်လဲ ပီတိဖြစ်ရပါတယ်ရှင်..” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi Version

ခိုင္ႏွင္းေဝကေတာ့ အႏုပညာအလုပ္ေတြကို ရပ္နားထားကာ ပရဟိတအလုပ္ေတြကိုပဲ တစိုက္မတ္မတ္ လုပ္ေဆာင္ေနသူ တစ္ေယာက္ပါ။ အေျခအေန အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုကၡမ်ိဳးစုံနဲ႔ ရင္ဆိုင္ၾကဳံေတြ႕ရတဲ့ ကေလးငယ္ေတြကို လက္လွမ္းမွီသေလာက္ ကူညီေစာင့္ေရွာက္ ေပးေနတဲ့ ခိုင္ႏွင္းေဝဟာ အမ်ားက ေလးစား အခ်စ္ပိုေနရတဲ့ မင္းသမီး တစ္ေယာက္လည္း ျဖစ္ပါတယ္။

သူမရဲ့ ခိုင္ႏွင္းေဝ ေဂဟာကိုလည္း (၇) ရက္သားသမီး အလႉရွင္မ်ားစြာကလည္း တတ္နိုင္ သေလာက္ အလႉေငြမ်ား ထည့္ကူေပးလ်က္ရွိတာကိုလည္း ၾကည္ႏူးပီတိျဖစ္စြာ ေတြ႕ရပါတယ္။

အခုလည္း ထိုင္းနိုင္ငံ သံအမတ္ႀကီး Mrs. Suphatra Srimaitreephithak မက ကေလးေတြ အတြက္ ေမတၱာလက္ေဆာင္မ်ားနဲ႔ အတူ ေငြ က်ပ္ သိန္း ၂၀ ခန႔္ကို လာေရာက္ လႉဒါန္းေပးေၾကာင္းေဝမၽွလာပါတယ္။

အလႉပုံေတြနဲ႔ အတူ ” ထိုင္းနိုင္ငံ သံ အမတ္ႀကီး Mrs. Suphatra Srimaitreephithak မွ ကေလးေတြ အတြက္ ေမတၱာလက္ေဆာင္မ်ား (တန္ဘိုးေငြ က်ပ္ သိန္း ၂၀ ခန႔္) ကို လာေရာက္ လႉဒါန္းေပးပါတယ္ရွင္…လိုအပ္တာမ်ား အတြက္ ဆက္သြယ္ရန္ ေျပာၿပီး အားေပးစကားမ်ား ေျပာၾကားေပးသြားတဲ့ အတြက္လဲ ေက်းဇူးအထူး တင္ရွိပါတယ္..ကေလးေတြကို ခ်စ္ေပးၾကတဲ့ အတြက္လဲ ပီတိျဖစ္ရပါတယ္ရွင္..” ေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။