Credit
မူရင်းအဆိုတော်တွေတောင် လက်ဖျားခါရလောက်အောင် ညိုမြ သင်္ကြန်သီချင်းလေးကို အသံဝဲဝဲလေးနဲ့သီဆိုခဲ့တဲ့ အလှမယ်မီးမီး
Miss Grand Myanmar 2022 မှာ မြန်မာ ကိုယ်စားပြု အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အိအိအောင်ထွန်းက ထိုင်း-ကရင် ကပြားမလေးဖြစ်ပါတယ်။ သူမရဲ့ အဖေက ထိုင်းလူမျိုးဖြစ်ပြီး ၊ မိခင်က ကရင်လူမျိုးဖြစ်ပါတယ်။
သူမရဲ့ အမိုက်စား ခန္ဓာကိုယ် ၊ ဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေး တွေကြောင့် ထိုင်း-မြန်မာ ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိထားပါတယ်။အိအိအောင်ထွန်းက မြန်မာနိုင်ငံမှာထက် ထိုင်းနိုင်ငံမှာ ပိုပြီး နာမည်ကြီးပါတယ်။ အိအိအောင်ထွန်းက Miss Grand Myanmar 2022 ရဲ့ National Costume ပြိုင်ပွဲမှာ Burmese Mark costume နဲ့ Top 5 အထိ ရရှိခဲ့ပါတယ်။
အလှမယ် မီးမီးက ‘ငယ်ငယ်က သင်္ကြန်ဆို မြန်မာပြည် မှာပဲ ဖြတ်သန်းခဲ့ဖူးတယ်။ သင်္ကြန် လျှောက်လည် တိုင်း ဆိုင်ကယ် အမြဲ မှောက်ခဲ့တယ်” လို့ ငယ်ဘဝ သင်္ကြန် အမှတ်တရတွေ ပြောလာခဲ့ပါတယ်။
Credit